28.1 C
Yangon

အင်းစိန်အကျဉ်းထောင်တွင် ရာဇဝတ်အကျဉ်းသား ကိုဦးက ထောင်အာဏာပိုင်များနှင့်ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ဖိနှိပ်ညှဉ်းပန်း ငွေညှစ်နေ

Must read

ရန်ကုန်၊ မေ ၅

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်၊ သေဒဏ်ကျအကျဉ်းသားများ သီးသန့်ထားရှိရာ တိုက်တွင် တန်းစီးချုပ်ဖြစ်သူ ကိုဦး က ထောင်အာဏာပိုင်များနှင့်ပူးပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအပေါ် မတရားဖိနှိပ်မှုများ ကျူး လွန်နေကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ရာဇဝတ်အကျဉ်းသား ကိုဦးက သေဒဏ်အမိန့်ကျ၍ အသစ်ရောက်ရှိလာသော အကျဉ်းသားများအပေါ် ဆဲဆိုရိုင်းပျခြင်း၊ မိုက်ကြေးခွဲခြင်းနှင့် အလှူငွေအကြောင်းပြကာ ငွေကြေးများကို အတင်းအဓမ္မ ထည့်ခိုင်းခြင်းများ ပြုလုပ်နေသည်။ ထို့ပြင် ၎င်းသည် ထောင်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် အကျဉ်းထောင်တိုက်၊ အခန်း ၂၁ တွင် လောင်း ကစားဖဲဝိုင်းများကိုပါ ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ရာဇဝတ်အကျဉ်းသား ကိုဦးသည် ယခင် အဆောင် ၄ တွင် တာဝန်ကျစဉ်ကလည်း ငလျင်ဘေးအလှူငွေအကြောင်း ပြကာ အကျဉ်း သားများထံမှ ငွေကြေးများကို ကိုယ်ကျိုးအတွက် မတရားကောက်ခံခဲ့သဖြင့် တိုင်ကြားခံရပြီး ၄ ဆောင်တန်းစီချုပ်နေရာမှ ပြုတ်ကျခဲ့သူဖြစ်သည်။

သို့သော် ယခုအခါတွင် သေဒဏ်တိုက်၌ တန်းစီးချုပ်အဖြစ် ပြန်လည်တာဝန်ပေးခံထားရခြင်းမှာ ထောင်အာ ဏာပိုင်များဖြစ်သည့် အဆောင်မှူးနှင့် ဦးစီးအရာရှိများအတွက် ငွေကြေးရှာဖွေပေးနေသူ ဖြစ်သောကြောင့် မျက်နှာ သာပေးခံနေရခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် ကိုဦး၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရသည့် အကျဉ်းသားသစ်များထဲတွင် တော်လှန်ရေးနှင့် ပတ် သက်၍ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ ပါဝင်နေသဖြင့် ထောင်တွင်းအခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article