35 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: July, 2022

ပုလဲတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံး၊ ရေတာရှည်နှင့်မြိုင်တို့တွင် စစ်သား ၃ ဦးသေဆုံး 

ရန်ကုန်၊ ဇူလိုင် ၂  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သောကျားသစ်နက်အဖွဲ့တို့ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။  ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန် ကံကြီကျေးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ကြောင်း၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။  "သူတို့က ပုလဲမြို့ကနေ ကျွန်တော်တို့ ကံကြီးရွာဘက်ကို သေနတ်တွေ ပစ်ဖောက်ပြီး အင်အား ၉၀လောက်နဲ့လာတယ်။ ကျွန်တော်တို့ရွာသားတွေနဲ့ အနီးအနားကရွာသားတွေကြိုရှောင်နေကြရတယ်"ဟု ကံကြီးဒေသခံရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။  ကျားသစ်နက်အဖွဲ့ကမူ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်လျက်ရှိပြီး မိုင်းဆွဲမှုကြောင့် စစ်သား ၇ ဦးသေဆုံးသွားကြောင်း ပြောဆိုသည်။  "ကျနော်တို့ ပြည်သူတွေကို လက်နက်နဲ့အကြောက်တရားရအောင် သေနပ်ပစ်ဖောက်ဝင်လာတာကိုက ပြည်သူကိုစော်ကားလိုက်တာပဲ။ အဲဒါကြောင့်  ကျားသစ်နက်အဖွဲ့အနေနဲ့ အရေးပေါ် သူတို့လာတဲ့လမ်းကို ပဒေသာမိုင်းထောင်ပြီး ကြိုတင်စောင့်တိုက်ခိုက်ခဲ့တယ်။ မိုင်းကနှစ်နေရာဆွဲတိုက်ခိုက်တယ်။ စစ်ခွေး၇ကောင်သေတယ်" ဟု  ကျားသစ်နက်တာဝန်ခံ ကိုဥက္ကာက ပြောသည်။  ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်း အနောက်ခြမ်း‌တွင် ကင်းပုန်း ၀ပ်နေသော စစ်ကောင်စီတပ်သား သုံးဦးကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးလုံး သေဆုံးသွားကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။  သံတောင်မြောက်ပိုင်း အထူးဒေသ ဥက္ကဌဟောင်း ဦးကိုကြီး၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သံတောင်မြောက်ပိုင်းကာကွယ်ရေး တပ်ဖွဲ့ (NTDF)၊ တပ်ရင်းအမှတ် ၈၀၁ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(NPT 8001)၊ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့(YPDF) တို့က ကင်းသမား စစ်သား ၃ ဦးကို  ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခဲ့မှ ၃ ဦးလုံး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။  အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးကျေးရွာမှ အနောက်ဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို  ဇွန်လ ၃၀ ရက်နေ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ လက်လုပ်လက်နက်ကြီးများအသုံးပြု၍  ခုခံကာကွယ်ရာ စစ်သား ၁ ဦး သေဆုံးသွားကြောင်း ၊ PDF တပ်စခန်း ၂ ခု ဖျက်ဆီးခံလိုက်ရကြောင်း သိရှိရသည်။ ဓာတ်ပုံ- ပုလဲမြို့မှ ပြည်သူ့ကာကွယ်ရေးတပ် ကျားသစ်နက်အဖွဲ့။

ရွှေခွန်မြေ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ ရွှေဘိုတွင် ရွှေခွန်မြေ သပိတ် စစ်ကြောင်း ဦးဆောင်ကာ "လူ့အခွင့်အရေးအော်တဲ့ ကမ္ဘာကြီးရေ နိုင်ငံသေးလို့ကြည့်နေတာလား" ကြွေးကြော်သံဖြင့် ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကီရင်ရဲ့ တာဝန်မဲ့ ထွက်ခွာမှုက စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ (MEHL)ကို အကျိုးအမြတ် ပိုမိုရရှိသွားစေမည်သာဖြစ်

ရန်ကုန်၊ ဇူလိုင် ၂ ဂျပန်ဘီယာကုမ္ပဏီကြီးဖြစ်တဲ့ ကီရင်ဟာ သူတို့ရဲ့ အစုရှယ်ယာအားလုံးကို မြန်မာဘရူဝါရီနဲ့ မန္တလေးဘရူဝါရီ ဖက်စပ်လုပ်ငန်းစုတွေထံ ပြန်လည် ရောင်းချသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကီရင်အနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားခြင်းက သူတို့ဖက်စပ်ပိုင်ဆိုင်တဲ့ မြန်မာဘီယာလုပ်ငန်းရဲ့ ထိန်းချုပ်မှုအားလုံးကို သူတို့ရဲ့ စီးပွါးရေး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)...

မင်းတပ်၊ ပလုံတွီကျေးရွာရှိ အများပြည်သူပိုင် နေအိမ်များ၊ တန်ဖိုးရှိပစ္စည်းများနှင့် သောက်သုံးရေကန်များကို အကြမ်းဖက်စစ်သားများ ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီကျေးရွာကို ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်က အများပြည်သူပိုင် နေအိမ်များ၊ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် သောက်သုံးရေကန်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင်...

စစ်တပ်၏ မီးရှို့မှု​ကြောင့် မီးဘေးသင့်ခဲ့ကြသည့် ပြည်သူများသို့ PDF က အလှူငွေ သိန်း ၃၀၀ ခွဲ​​ဝေ ​ထောက်ပံ့

ရန်ကုန်၊ ဇူလိုင် ၂ စစ်ကိုင်းတိုင်း ကနီမြို့နယ် ၊ ရွာကြီးတစ်ရွာရှိ မီးဘေးသင့်အိမ်ခြေ (၂၁၁ )အိမ်အတွက် ဩစတျေးလျနိုင်ငံဆစ်ဒနီ မြို့နေ မိခင်ကြီးဒေါ်တင်မ၊ ဦးကြည်လင်၊ ဒေါ်ခင်နွဲ့ရီ မိသားစုနှင့် သားသမီးမိတ်ဆွေအပေါင်း အသင်းများ၊ ညီအကိုမောင်နှမများမှ တစ်အိမ်လျှင် ကျပ်ငွေ ၃၅၀၀၀ စီ စုစုပေါင်း လှူဒါန်းငွေ...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

 By ရန်ကုန်ခေတ်သစ်  ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်းအနီးကို စစ်တပ်က လေယာဉ်နဲ့ ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီက ဗုံးကျဲခဲ့တဲ့အတွက် ပြည်သူ ၂ ဦး သေ ဆုံးပြီး ဒဏ်ရာရသူများရှိခဲ့တဲ့အပြင်...

ယင်းမာပင်ရှိ NUG အစိုးရ အသိအမှတ်ပြု စာသင်​ကျောင်းတွင် မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂ စစ်ကိုင်းတိုင်း ယင်မာပင်ခရိုင် ယင်းမာပင်မြို့နယ် ရှိ ရွာတရွာတွင် NUG အစိုးရက စီစဥ်ဆောင်ရွက်သော ကြားလာလ ပညာသင်နှစ်တွင်မိုးရာသီ အားကစားပွဲကျင်းပပြုလုပ်ပြီး အားကစားနည်း ၁၀မျိုးဖြင့် ဇွန်လ ၂၉ ရက်​နေ့တွင် ကျင်းပ​ကြောင်း သိရှိရသည်။

ဖာပွန်တွင် နယ်ကျွံ့လာသည့် စစ်တပ်၏ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး ၊ ၄၀ မမ ဗုံးပစ်လက်နက် အပါအဝင် လက်နက် ၅ လက်နှင့် ခဲယမ်းများရရှိ

ရန်ကုန်၊ ဇူလိုင် ၁  ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ KNU တပ်မဟာ ၅ နယ်မြေ အတွင်းသို့ နယ်ကျွံ့လာသည့် စစ်ကောင်စီတပ်၏ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ကာ ၄၀ မမ ဗုံးပစ်လက်နက် အပါအဝင်လက်နက် ၅ လက်နှင့် ခဲယမ်းများရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က သတင်းထုတ်ပြန်သည်။  ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင်မျာက  KNU/KNLA တပ်မဟာ ၅၊ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာ၌ မိုင်းထောင်/ကင်းပတ်နေစဥ်  စစ်ကောင်စီတပ်ဖွဲ့ဝင်များမောင်းနှင်လာသည့် ကားငယ်တစ်စီး နယ်ကျွံဝင်လာသည့်အတွက် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊   အဆိုပါကားမှာ ပျက်စီးသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးစလုံး သေဆုံးကြောင်း သိရှိရသည်။  သေဆုံးသွားသော စစ်သား ၅ ဦးထံမှ  ၄၀ မမ - ၁ လက်၊ AK - ၂ လက်၊ M4 carbine - ၁ လက်၊ G3 - ၁ လက်၊လက်ပစ်ဗုံး - ၃ လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရရှိထားကြောင်း  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။  ဓာတ်ပုံ- BPLA တပ်ဖွဲ့ဝင်များ။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁ မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြိုင်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော စခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ် ပတ်ကင်း မိုင်းဆွဲ တိုက်ခိုက်ခံရ 

ရန်ကုန်၊ ဇူလိုင် ၁  မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာရှိ စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသော စခန်းကိုဇွန်လ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်လုပ် လက်နက်ကြီး များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေ​ ပြောက် ကျား တပ်ဖွဲ့(မြိုင်) ထံမှသိရသည်။  အဆိုပါ တပ်စခန်းကို ဝံပုလွေ​ ပြောက်ကျား တပ်ဖွဲ့(မြိုင်)၊ မြိုင်မြို့နယ် ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ် MGPDF၊အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaing Warriores တပ်ဖွဲ့၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ် ညီနောင် ပူးပေါင်းအဖွဲ့များက တာဝေးပစ် လက်လုပ်လက်နက် ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ည ၁၀ နာရီ ၃၀ မိနစ် တွင် ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။  အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကင်းပတ်စဥ် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခဲ့ပြီးစစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည် မပြုနိုင်သေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။  အကြမ်းဖက် စစ်တပ် ကင်းပတ် စစ်ကြောင်းသည် အင်္ကုက္ကားရွာ အနောက်ဘက်ရှိ ကျွန်းပင်တန်းနားတင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး အထိအခိုက် အသေ အပျောက် ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုနိုင်သေးဘဲ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ စစ်တပ် စစ်ကြောင်းများ ထပ်မံ ရောက်ရှိလာပြီး ဓာတ်မီးများဖြင့် ထိုးကာ ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။

Latest news

- Advertisement -spot_img