39 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: July, 2022

ဆားလင်းကြီး အားမာန်သစ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁ ဆားလင်းကြီးမြို့နယ် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လှည်းတန်းစျေးသည်များ၏ ပစ္စည်းဥစ္စာ များကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းအပေါ်ရန်ကုန်တော်လှန်လူငယ်များဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁  ရန်သူစစ်တပ်၏ နေ့စဥ်ရက်ဆက် ဆိုးရွားလွန်းလှသော တရားမဲ့လုပ်ရပ်များကို လုံးဝသည်းမခံနိုင်တော့သော ရန်ကုန်မြို့ရှိ လူငယ်များ စုပေါင်း၍ "သူပုန် တွေလာပြီဟေ့" စာတန်းပါ ဘန်နာအား ကိုင်စွဲကာ အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြသည်။  ယမန်​နေ့ညမှ လှည်းတန်း​စျေးတွင် ဖြစ်ပွားခဲ့​သော စစ်တပ်၏ အကြမ်းဖက်မှုအ​ပေါ် ​ပြည်သူလူထုများအ​နေဖြင့်တုန်လှုပ်​နေမည်မဟုတ်​ကြောင်း ၊ ​တော်လှန်လူငယ်များအ​နေဖြင့်လည်း ​ကြောက်ရွံ့ခြင်းမရှိ ဆက်လက်​တော်လှန်​နေမည်​ဖြစ်​ကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်​ဖော်ပြသကြသည် ။  ထိုဆန္ဒပြပွဲမှတဆင့်ပြည်သူလူထုအား မတရားသည့် ခေတ်တွင် သူပုန်ဖြစ်ရခြင်းသည် ဂုဏ်သိက္ခာရှိကြောင်း၊ယခုအချိန်မှစ၍ မိမိတို့လူငယ်များမှ ကိုယ့်ကိုယ်ကိုယ် သူပုန်ဟု ကင်ပွန်းတပ် တံဆိပ်ခတ်ကာ ရန်သူစစ်တပ်အားပြောင်ပြောင်တင်းတင်း တော်လှန်ပုန်ကန်သွားတော့ မည်ဖြစ်ကြောင်း တပ်လှန့်လိုက်ပါသည်။  အဆိုပါ ဆန္ဒပြပွဲအား ဗမာ့လူငယ်ကွန်ရက်(ဗလက)မှ ဦးဆောင်၍ အခြေခံ ပညာကျောင်းသားလူငယ်များအစည်းအရုံး(အ.က.လ-ဗဟို)၊ ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ LGBT Community Yangon နှင့်တော်လှန်လူငယ်များမှ ပူးပေါင်းကာ(Youth Scout For Democray-YSD) ၏ Scout အကူအညီဖြင့်အင်တိုက်အားတိုက် ချီတက်ခဲ့ခြင်းဖြစ်သည်။ Photo- Assistance Association for Myanmar-based Independent Journalists ။

ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော်  ၉ ဦးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖမ်းဆီးပြီးမှ  သတ်ဖြတ်၊ စစ်တပ် တပ်စွဲထားသည့်နေရာသို့ PDF များကို  လမ်းမှား ခေါ်ဆောင်သွားမှုကြောင့်ဖြစ်ပြီး  ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဟု အဖွဲ့ခေါင်း ဆောင်ပြော

ရန်ကုန်၊ ဇူလိုင် ၁  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦး ဇွန်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံလိုက်ရကြောင်း ဝက်လက် GZ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကို GZ က...
00:06:25

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

 By ရန်ကုန်ခေတ်သစ်  ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဇွန်လ ၂၉ ရက်နေ့က  KTV ကနေ ပြန်လာတဲ့ စစ်ကောင်စီခန့် ၊ ကဒုံစီး-ရပ်ကွက်အုပ်ချုပ်ရေးမှူး- မဲလုံးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ - စစ်တပ်အမာခံ၊ ဘာသာရေးနဲ့...

ကနီမြို့နယ်တွင် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁ ကနီမြို့နယ် ရှစ်ခိုးထပ်ကွေ့အနီး၌ ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး...

ဖားကန့်တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးမှော်ပေါင်းစုံ သပိတ်ချီတက်

ရန်ကုန်၊ ဇူလိုင် ၁ ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်ပေါင်းစုံ သပိတ်ချီတက်ခြင်းကို ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

မဘသ၊ စစ်တပ်အမာခံ၊ အမျိုးသားရေးအစွန်းရောက်နှင့် MNO ဥက္ကဋ္ဌ တင့်လွင် မြောက်ဥက္ကလာတွင် ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရ၊ ကျည် ၃ ချက်ထိထား၍ စိုးရိမ်ရဟုဆို

ရန်ကုန်၊ ဇူလိုင် ၁  စစ်တပ်အမာခံ၊ ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက် ဖြစ်ပြီး Myanmar National Organization MNO ဥက္ကဋ္ဌ တင့်လွင်သည် ယနေ့ မြောက်ဥက္ကလာပတွင် ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။  ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်...
00:11:06

ဥကရစ်ထစခန်းတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးသွား၊ လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကူရန် စစ်ကောင်စီက ကြိုးပမ်းနေ(ရုပ်/သံ)

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေသူ KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းမှူး စောဝင်းမြင့်နှင့်တွေ့ဆုံမေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထ စစ်ကောင်စီ ခြေကုတ်စခန်းကို KNDO၊ KNLA ပူး ပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၆ ရက်နေ့မှစတင် တိုက်ခိုက်နေသည်မှာ ယနေ့ ဇူလိုင်လ ၁...
00:06:53

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

 By ရန်ကုန်ခေတ်သစ်  ဒီကနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ - ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော် ဒေသမှာရှိတဲ့ တောင်ကုန်း တခုပေါ်ကို ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီး ပစ်ကူပြီး ၂ ကြိမ်...

ယမန်နေ့ ဗန်းမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်းစစ်သားများကို ဆေးဝါး ကုသပေးထားဟု NUG ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁  စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်း စစ်သားများကို ကောင်းမွန်စွာ ဆေးကုသပေးထားကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဇွန်လ ၃၀...

Latest news

- Advertisement -spot_img