28 C
Yangon

ကသာမြို့နယ်၊ ချောင်းဝရွာတွင် မြို့လှ KPDF နှင့် အကြမ်းဖက်စစ်တပ်၏ ခလရ ၁၂၁ တပ်ရင်းတို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ ဖရူဆိုတွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ခလရ ၁၂၁ စစ်ကြောင်းနှင့် မြို့လှ KPDF တို့ ဩဂုတ်လ ၂၀ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်း မြို့လှ KPDF က သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ကြောင်း လုံခြုံရေးရယူရန် ချောင်းဝရွာမှ တပ်ဖြန့်ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါသည့် ခလရ ၁၂၁ စစ်ကြောင်းနှင့် မြို့လှ KPDF ကြား ညနေ ၅ နာရီ ၂၀ မှ စတင်ကာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြို့လှ KPDF က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ မင်းကျောင်းကုန်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး ထိမှန်သေဆုံးသွားကြောင်း မြို့လှ KPDF က သတင်းထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာနှင့် ထီးတော်ကူးကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လွိုင်ကော် PDF၊ ကရင်နီတပ်မတော် KA၊ KNDF၊ အလယ်ပိုင်းဒေသအထူးစစ်ဆင်ရေးအဖွဲ့နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း ၁၁၀၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း၊ လွိုင်ကော် PDF ရဲဘော် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စနစ်တကျ ကုသနေကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – လွိုင်ကော် PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article