36 C
Yangon

ရန်ကုန်တွင် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ ဩဂုတ် ၆

ရန်ကုန်တွင် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင် ဖြုတ်ချရေး ယနေ့ ချီတက် သပိတ် မှောက်ကြသည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ရန် ကုန်တွင် ယနေ့ သြဂုတ်လ ၆ ရက်နေ့၌ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ ကြည့်မြင်တိုင်လူငယ်များ သပိတ်ကော်မတီ (KYSC) နှင့် တာမွေမြို့နယ် သပိတ် ကော်မတီ တို့ပူးပေါင်း၍ “မပြီးဆုံးသေးတဲ့ ၈လေးလုံး၊ လူထုလွတ် မြောက် ရေး ဒို့အတူရုန်း”၊ “ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူ့ အကျိုး ဆောင် ကြ”၊ “တော်လှန်ရေးဟာ ပြည်သူအတွက်၊ ပြည်သူဟာ တော် လှန်ရေး အတွက်မဟုတ်” စာသားပါဘန်နာများကို ကိုင်စွဲကာ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားကြခြင်းဖြစ်သည်။

Photo- ဗကသများအဖွဲ့ချုပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article