29 C
Yangon

ဖားဆောင်းမြို့ကို သိမ်းပိုက်ရန် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းတစ်ခုသာ ကျန်ရှိသော်လည်း စစ်ကူဖြည့်တင်း ခုခံနေ သဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

Must read

ဖားဆောင်းမြို့ကို သိမ်းပိုက်ရန် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းတစ်ခုသာ ကျန်ရှိသော်လည်း စစ်ကူဖြည့်တင်း ခုခံနေ သဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရန်ကုန်၊ ဧပြီ ၂၆

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင် ခလရ ၁၃၄ တပ်ရင်း တစ်ခုသာကျန်ရှိတော့ပြီး စစ်အင် အားဖြည့်တင်း ခုံခံနေသဖြင့် မြို့ကို မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့ ဖားဆောင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေရာယူထားရာ မီးသတ်စခန်းကို ကရင်နီတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်-1105 မှ ရဲဘော်လဘန်သည် နိုင်ငံ‌‌တော်နှင့် လူမျိုး အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ရကြောင်း သိရှိရသည်။

“ဖားဆောင်းမှာက တိုက်နေတုန်းဘဲ မြို့ကို မရသေးဘူး။ မရသေးဘူးဆိုတာက စစ်ကူတွေလာတယ်။ စစ်ကူ စစ်ကြောင်းတွေက ဘယ် လို ဘယ်လိုကျော်သွားလဲတော့ မသိဘူး၊ သူတို့ကလည်း ဖြန့်ကျဲပြီးတော့ လာနေတာ။ သတင်းရ တာတော့ ဧပြီလ ပထမအပတ်ထဲ လောက်မှာဆင်းလာတာလို့ သိရတယ်။ ဖားဆောင်းရဲ့ အပေါ်ဘက် နားမှာ ရှိတဲ့ ခလရ ၁၃၄ တပ်ရင်းက ကုတ်ခံ၊ တင်းခံပြီးတော့ ကျန်နေသေးတာ။ အဲဒီတစ်ရင်းပဲ ကျန် တော့တာ။ တစ်ရင်းတောင် လူအပြည့် မဟုတ် တော့ဘူး၊ အဲဒါကြောင့် အပြင်ကနေ စစ်ကူပေး လာတာ မျိုးတော့ ဖြစ်လာတာပေါ့။” ကရင်နီတော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖားဆောင်းမြို့သို့ စစ်ကူပေးရန် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ဘက်မှ တပ်မ ၅၅ ၊ စကခ ၁၄ ၊ စကခ ၆ တို့မှ အကြမ်းဖက်စစ်သားများကို ပို့ဆောင်ကာ အင်အားဖြည့်တင်းလျက်ရှိကြောင်း၊ ဖား ဆောင်းမြို့တွင် ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း ၂ ရင်းရှိပြီး ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သံလွင်တံတား(ဖားဆောင်း)ကို တော်လှန်ရေးတပ်များက ဖြတ်ကျော် သိမ်းပိုက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article