29 C
Yangon

စစ်အာဏာရှင် ချေမှုန်းရေး လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲအပြီး မြိုင်မှ ပြည်သူများက နားကပ်အစုံ ၃၂ စုံ၊ လက်စွပ် ၄ကွင်းနှင့် ငွေ ၄ သိန်းခွဲနီးပါးကို ကျေးရွာကာ ကွယ်ရေးအဖွဲ့နှင့် ပြည်သူ့ကျောင်းအတွက် လှူဒါန်း

Must read

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ စစ်အာ ဏာရှင် ချေမှုန်းရေး လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဆန္ဒပြပွဲ အပြီး မြိုင်မှ ပြည်သူများက နားကပ်အစုံ ၃၂ စုံ၊ လက်စွပ် ၄ကွင်းနှင့် ငွေ ၄ သိန်းခွဲနီးပါးကို ကျေးရွာကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့ကျောင်းအတွက် လှူဒါန်းကြောင်း BEGSC-MYAINGက ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးတွင် ပြည်သူများက ငွေသားများအပြင် ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ၊ ရွှေနားကပ်များနှင့် ရွှေလက်စွပ်များကိုပါချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် ကြားကာလပညာရေးဖော်ဆောင်လျက်ရှိသော ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းအတွက် ကူညီထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။

ပြည်သူများက နားကပ်နှင့်နားဆွဲစုစုပေါင်း(၃၂)စုံ ၊ လက်စွပ်(၄)ကွင်းနှင့် ငွေသားစုစုပေါင်း ၄သိန်း၃သောင်းကျပ်တိတိကို ထောက်ပံ့ခဲ့ကြကြောင်း၊ အအကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်မှုဖြင့် ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူက ပါဝင်နေကြောင်း BEGSC-MYAINGက ဆိုသည်။

Previous article
Next article
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article