35 C
Yangon

ဘုရား ထီးတင် ရုရှားခရီးစဉ်ကို နိုင်ငံအဆင့် ချစ်ကြည်ရေး ဟု မင်းအောင်လှိုင်က လိမ်ညာ၊ ရုရှားအစိုးရက ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်ထားသော ဥယျာဉ်မြေနေရာတွင် မင်းအောင်လှိုင်နှင့်သီတဂူက ဘုရားတည်ခဲ့၊ ယင်းဥယျာဉ်ကို ဟိုတယ်နှင့်စားသောက်ဆိုင်များပါဝင်သော အပန်းဖြေနေရာအဖြစ် ခရီးသွားများက လည်ပတ်

Must read

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံတွင် သီတဂူ တည်ထားသော ရွှေစည်းခုံပုံတူ ဘုရားထီးတင် ရုရှားခရီးစဉ်ကို နိုင်ငံအဆင့်ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည်ဟု ယနေ့ နံနက်ပိုင်း ဝါဒဖြန့် မီဒီယာမှတစ်ဆင့် ပြောဆိုသော ၎င်း၏ စကားများတွင် ထည့်သွင်းပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ရုရှားနှင့် တာတာစတန်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သည်ဟု မင်းအောင်လှိုင်က လိမ်လည်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်သည် ပုဂ္ဂလိက ခရီးစဉ်ဖြစ်ကြောင်း ရုရှားဘက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် မင်းအောင်လှိုင်သည် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲ တချို့နှင့် တွေ့ဆုံခဲ့ကာ ဘုရားထီးတင်မှုကို အဓိက လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

သီတဂူက ရွှေစည်းခုံ ပုံစံတူ စေတီတည်ထားရာတွင်လည်း ရုရှား အစိုးရက မြေနေရာပေးထားသည့် အလည်အပတ် နေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နေသည့် မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ယဉ်ကျေးမှု ဥယျာဉ် နေရာတွင် မြန်မာကိုယ်စားပြု ပြယုဒ်အဖြစ် ရွှေစည်းခုံပုံတူစေတီ တည်ထားခြင်းဖြစ်ကြောင်း၊ အခြားကမ္ဘာ့နိုင်ငံများက ၎င်းတို့နိုင်ငံများ၏ အထိမ်းအမှတ်များကို ယင်းမြေနေရာတွင် နေရာတောင်းခံ တည်ဆောက်မှုများ လုပ်ဆောင်နိုင်သည်ဟု ရုရှားအစိုးရသတင်းအချက်အလက်များအရ သိရှိရသည်။

ရုရှားအစိုးရက ၂၀၀၆ ခုနှစ်တွင် မော်စကိုမြို့နှင့် ကီလိုမီတာ ၁၁၀ ကွာဝေးသော ကာလုဂါပြည်နယ်တွင် ETNOMIR အမည်ဖြင့် ပြတိုက်နှင့်ယဉ်ကျေးမှုဥယျာဉ်ကို စတင်ဆောက်ခဲ့ကြောင်း၊ တစ်နှစ်လျှင် လူဦးရေ တစ်သန်းခွဲကျော် လည်ပတ်နိုင်သော ရုရှားလူမျိုးစုဆိုင်ရာ အကြီးဆုံးပန်းခြံ၊ အပန်းဖြေမှု၊ အားကစား၊ သီချင်းများ၊ အကများနှင့် ယဉ်ကျေးမှုအတွက် နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အပျော်ခရီးစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကာတွန်းနှင့် ရိုးရာပုံပြင်အစီအစဉ်များ၊ နေ့စဉ်ပွဲတော်များနှင့် အခမ်းအနားများကို ယင်းနေရာတွင် ကျင်းပနိုင်ကြောင်း၊ ရုရှား လူငယ်များအတွက်သာမက အရွယ်ရောက်ပြီးသူနှင့် မိသားစုများအတွက် ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် ဟိုတယ်နှင့်စားသောက်ဆိုင်များကို ထည့်သွင်းထားကြောင်း၊ ယင်းဥယျာဉ်သည် မြေဧက ဧရိယာ ၁၄၀ ဟက်တာ ကျယ်ဝန်းကြောင်း သိရှိရသည်။

ရုရှားနှင့်ကမ္ဘာ့ ခရီးသွားအေဂျင်စီများကလည်း ETHNOMIR ယဉ်ကျေးမှု ဥယျာဉ်နေရာကို အပန်းဖြေခရီးသွားနေရာအဖြစ် ဖော်ပြ ဆွဲဆောင်ကြေညာမှုများ လုပ်ဆောင်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရုရှား ရွှေစည်းခုံပုံတူ စေတီဖွင့်ပွဲ မှ သီတဂူနှင့် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article