31 C
Yangon

ကံပေါက်တွင် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသော PTTEP ကုမ္ပဏီ၏ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရ ၊ ပေါက်ကွဲမှု အကြောင်းအရင်း မသိရှိရသေးသော် လည်း ဗုံးခွဲခံရမှု ဖြစ်နိုင်ဖွယ်ရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁

တနင်္သာရီတိုင်း၊ ကံပေါက်တွင် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသော ထိုင်းPTTEP ကုမ္ပဏီ ၏ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း ယနေ့ နံနက် ၃ နာရီအချိန်တွင် ဖောက် ခွဲခံလိုက်ရပြီး ဗုံးခွဲခံရမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း MOGE သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကမ်းလွန်ဇောတိကရေနံနှင့်သဘ၀ဓာတ်ငွေ့လုပ်ကွက်မှ ထိုင်းနိုင်ငံသို့ သွယ် တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ကံပေါက်တွင် ဖောက်ခွဲခံရခြင်းဖြစ်ပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ပေါက်ကွဲမှု အကြောင်းအရင်း မသိရှိရသော်လည်း ဗုံးခွဲမှုဖြစ်နိုင်ကြောင်း သိရှိရသည်။

“ကန်ပေါက်မှာရှိတဲ့ PTTEP station အထွက် ဓာတ်ငွေ့ပိုက်လိုင်းလို့သိရတယ်။ ZOC station to Thailand pipe line ပါ။ Offshore ကနေ ZOC station ကိုဝင်ပြီးမှ ထိုင်းကို သွားတာပါ” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

ကံပေါက်ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး PTTEP ကုမ္ပဏီနှင့် အကြမ်းဖက်စစ်ကောင်စီ၏ အတည်ပြုချက်နှင့် ထုတ်ပြန်ချက်ကို ရန်ကုန်ခေတ်သစ်က မရရှိသေးဘဲ တရားဝင် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထိုင်းPTTEP သည် မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့်တွဲဖက်၍ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်းများလုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှ နုတ်ထွက်သွားသော ပြင်သစ် Total ကုမ္ပဏီရှယ်ယာများကိုလည်း လွှဲပြောင်းရယူလုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။

ဓာတ်ပုံ- ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း (offshore)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article