28 C
Yangon

ရေဦးမြို့နယ် တင်းတိမ်ရံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ၄ ရက်တိတိ ဝင်ရောက် မီးရှို့ဖျက်ဆီး၊ ဆန်စက် လေးလုံး၊ ဈေးဆိုင် ၂၀၀ ကျော်နှင့် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့နယ် တင်းတိမ်ရံရွာကို ဇူလိုင် ၂၈ ရက်နေ့မှစတင်၍ ဇူလိုင် ၃၁ ရက်နေ့ အထိ ၄ ရက်တိုင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများ နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ရာ ဆန်စက် ၄ လုံး၊ ဈေးဆိုင်ခန်း ၂၀၀ ကျော်နှင့် နေအိမ် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးသွားကြောင်း၊ မီးမရှို့ခင် ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားသေးကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

“ဇူလိုင် ၂၈ ရက်‌နေ့ ည ၇ နာရီ စဝင်လာတာ ။ လေးရက် တိတိမီးရှို့ခဲ့တာ။ ဆန်စက်လေးလုံး၊ ဈေးဆိုင်ခန်း ၂၀၀ ကျော်၊ လူနေအိမ် ၁၀၀ ကျော် ။ မရှို့ခင် ကားတွေနဲ့ သူတို့လိုချင်တာ အကုန်ယူပြီးမှ ရှို့တာ။ ဈေးကတော့ တစ်ဈေးလုံး ပြောင်ပြီ။ ပိုင်ဆိုင်သမျှကတော့ ကုန်ပြီပေါ့ဗျာ။ ဘာဆက်လုပ်ကြရမှန်း မသိကြတော့ဘူး တစ်ရွာလုံး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

တင်းတိမ်ရံရွာတွင် အိမ်ခြေ ၃၀၀ နှင့် ၄၀၀ ကြားရှိ ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာထဲ ဝင်ရောက်ချိန်တွင် လက်နက်ကြီးငယ်များနှင့် ပစ်ခတ်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ပြည်သူများက ကြိုတင်ထွက်ပြေးကြသည့်အတွက် အထိအခိုက် မရှိကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီး ဒီပဲယင်းမြို့တော်ခန်းမထဲတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article