34 C
Yangon

မူဆယ်မြို့တွင် ဗုံးကွဲမှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲ ၁ ဦးနှင့် စစ်သား ၂ ဦး စုစုပေါင်း ၃ ဦး ဗုံးထိမှန် လဲကျသွား၊ စစ်သား ၁ ဦး သေဆုံးသွားပြီး ယာဉ်ထိန်းရဲလည်း သေဆုံးရန်များပြား၊ စစ်သား ၁ ဦးဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယနေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန် ဗုံးပေါက် ကွဲမှုဖြစ်ပွားပြီးယာဉ်ထိန်းရဲ၁ ဦးနှင့်စစ်သား ၂ ဦး စုစုပေါင်း ၃ ဦး ဗုံးထိမှန်လဲကျနေကြောင်း မြို့ခံများက ပြောသည်။

“မူဆယ် နာရီစင်နားက ယာဉ်ထိန်းရဲကင်းမှာ ကွဲတာ။ စစ်သား ၁ ယောက်မော်တော်ပီကယ် ၁ ယောက် လဲကျသွားတယ်။ မထနိုင်ဘူး။ သေ မသေတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မူဆယ်ဆေးရုံကြီးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ ဗုံးထိမှန်သော စစ်သား မှာ သေဆုံးသွားပြီး ယာဉ်ထိန်းရဲမှာလည်း အခြေအနေမကောင်းကြောင်း၊ အခြားစစ်သားတစ်ဦးမှာမူ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article