38 C
Yangon

အရာတော်နှင့် မြင်းမူ အစပ်ရှိ လက်ပံကျင်းနှင့် သူဌေးကုန်းရွာကို စစ်တပ်က ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်၊ ကျေးရွာအတွင်း ပိတ်မိနေသူများ ရှိနေ

Must read

ရန်ကုန်၊ သြဂုတ် ၁

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် မြင်းမူ အစပ်ရှိ လက်ပံကျင်းနှင့် သူဌေးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က စတင်ကာ ရဟတ်ယာဥ်များဖြင့် လှည့်လည် ပစ်ခတ်နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

လက်ပံကျင်းနှင့် သူဌေးကုန်းကျေးရွာတွင် ပိတ်မိနေသော ပြည်သူ များလည်းရှိကာ အကြမ်းဖက် စစ်တပ်က ထောက်ပို့ ရဟတ်ယာဥ်များဖြင့် လူချပြီး ကျေးရွာ အတွင်း ဝင်ရောက် စီးနင်းမှုများ လုပ်ဆောင် နေကြောင်းသိရသည်။

“မုံရွာက တက်လာတဲ့ Mi35 ၂ စီး၊ ရိုးရိုး ၂ စီးနဲ့ သူဌေးကုန်းမှာ လူချပြီး လက်ပံကျင်းနဲ့ သူဌေးကုန်းကို ပစ်ခတ်သွားတယ်။ အကြိမ်ကြိမ်ကို ပြန်လာလိုက် ပစ်လိုက် လူချလိုက်လုပ်နေတာ ရွာထဲ ပိတ်မိတာတွေရှိပါတယ်။ အခုသိရတာက လက်ပံကျင်းရွာမှာ ချသွားတဲ့ စစ်ခွေးတွေ ရွာထဲကို ဝင်ရောက်နေပြီလို့သိရတယ်။ အင်အား ၈၀ လောက်ရှိတယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ ကျေးရွာ ၂ ရွာ အနီးအနားရှိ ဒေသခံ ပြည်သူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article