31 C
Yangon

သာစည်တွင် LPDF စခန်း တစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁

မန္တလေးတိုင်း သာစည်မြို့နယ် မျက်ခါးအင်းရွာအနီးရှိ Black Brother၊ LPDF SINTGAINGနှင့် Future Star pdf အဖွဲ့တို့၏ လက်နက် ခဲယမ်းထုတ်လုပ်သည့် အထိုင်စခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးခန့် သေဆုံးကာ စခန်း စွန့်လွှတ်ခဲ့ရကြောင်း LPDF တပ်ဖွဲ့ ၃ ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် LPDF စခန်းကို ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်တပ်က အင်အား အလွန်အကျွံ အသုံးပြုခဲ့သောကြောင့် ဆုတ်ခွာ ပေးခဲ့ရ​ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် LPDF တပ်စခန်းကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာသောကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်တပ်က အင်အား အလုံးအရင်း အသုံးပြုကာ ထပ်မံ စစ်ကြောင်းထိုးခဲ့ပြီး စခန်းပတ်ပတ်လည်တွင် ထောင်ထားသော မိုင်းများနင်းမိကာ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

” ၂၅ ရက်နေ့မှာ စစ်ခွေး ၂၀ လောက်နဲ့ စခန်းကို စစ်ကြောင်းထိုးတယ်။ တိုက်ပွဲ ဖြစ်ပွားပြီး ၂ ကောင်သေသွားတော့ ပြန်ဆုတ်သွားတယ်။ ၂၉ ရက်နေ့မှာ စစ်ခွေး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထပ်ထိုးတယ်။ အဲ့နေ့မှာတော့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ပြီ အကျအဆုံးရှိခဲ့ပါတယ်။ အလွန်အကျွံ အင်အားသုံးပြီး ထိုးစစ်ဆင်လာတော့ ခံပစ်ရင်းနဲ့ စခန်းကို ဆုတ်ခွာပေးခဲ့ရပါတယ်။ စခန်းမှာရှိတဲ့ လက်လုပ် မိုင်းတွေ ရိက္ခာတွေနဲ့ ယမ်းအိတ် တစ်ချို့ ဆုံးရှုံးခဲ့ရတယ်။ စစ်ခွေးကို စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ချိန်မှာ စခန်း ပတ်လည်မှာ ထောင်ထားတဲ့ ရှေ့ထွက်မိုင်းတွေကို စစ်ခွေးတွေ တည့်တည့်နင်းမိလို့ ကျွန်တော်တို့ ဆုတ်ခွာဖို့ အချိန် လုံလုံလောက်လောက် ရခဲ့တယ်။ မိုင်းနင်းမိပြီး စခန်းကုန်းကို တော်တော်နဲ့ တက်မလာနိုင်ပါဘူး။ ၁၀ ဦးလောက် မိုင်းနင်းမိပြီး သေခဲ့တယ်။ ကျွန်တော်တို့ ဘက်က ရဲဘော် ၁ ဦးလည်း တိုက်ပွဲ ပြင်းထန်နေချိန်မှာ ပ​ျောက်ဆုံးခဲ့တယ်။ အခုထိ အဆက်အသွယ် မရသေးဘူး” ဟု LPDF တပ်ဖွဲ့ ၃ ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာက ပြောဆိုသည်။

အဆိုပါ LPDF တပ်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ခိုက် ပြီးနောက် ကျောက်ပချုပ်ကျေးရွာနှင့် မျက်ပါးအင်းကျေးရွာမှ ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် အင်းအား အလုံးအရင်း အသုံးပြုကာ စီးနင်း တိုက်ခိုက်ခဲ့သည့် LPDF တပ်ဖွဲ့ ၃ ဖွဲ့၏ က်နက် ခဲယမ်း ထုတ်လုပ်သော အထိုင် စခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article