38 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့  ဩဂုတ် ၁ ရက် ညနေပိုင်း ရရှိထားတဲ့သည့် သတင်းတွေကတော့

– အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံမှာ သီတဂူ တည်ထားတဲ့ ရွှေစည်းခုံပုံတူ ဘုရားထီးတင် ရုရှားခရီးစဉ်ကို နိုင်ငံအဆင့်ချစ်ကြည်ရေးခရီးစဉ်ဖြစ်တယ်လို့  ဝါဒဖြန့် မီဒီယာတွေကနေ ပြောဆိုလိုက်ပါတယ်။အဲဒီ ဝါဒဖြန် လိမ်ညာပြောဆိုရာမှာ  ဇူလိုင်လ ၁၀ ရက်နေ့ကနေ့ ၁၆ ရက်နေ့ အထိ ရုရှားနှင့် တာတာစတန်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့တယ်လို့ မင်းအောင်လှိုင်က လိမ်လည်ခဲ့တာဖြစ်တယ်။

– တနင်္သာရီတိုင်း၊ ကံပေါက်မှာ ထိုင်းနိုင်ငံကို သွယ်တန်းထားတဲ့ ထိုင်းPTTEP ကုမ္ပဏီ ရဲ့  ဇောတိက ဓာတ်ငွေ့ ပိုက်လိုင်း ဒီကနေ့ မနက် ၃ နာရီလောက်မှာ ဖောက် ခွဲခံလိုက်ရတယ်လို့ MOGE သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

-စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ တင်းတိမ်ရံရွာကို ဇူလိုင် ၂၈ ရက်နေ့က စပြီး ဇူလိုင် ၃၁ ရက်နေ့ အထိ အကြမ်းဖက် စစ်ကောင်စီတပ်ကနေ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ၊ ဆန်စက် ၄ လုံး၊ ဈေးဆိုင်ခန်း အလုံး ၂၀၀ ကျော် နဲ့ နေအိမ် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

– ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး ၊ ယာဉ်ထိန်းရဲ ၁ ဦး နဲ့ စစ်ကောင်စီ တပ်သား  ၂ ဦး စုစုပေါင်း ၃ ဦး ဗုံးထိမှန်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

https://youtu.be/xdmknj3HFZ4
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article