29 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး တရားဝင် ဖွင့်လှစ်

Must read

ရန်ကုန်၊ ဩဂုတ် ၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ယမန်နေ့ တရားဝင် ဖွင့်လှစ်လိုက်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက တရားဝင် ကြေညာသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကို တရားဝင် ဖွင့်လှစ်ခဲ့ပြီး လွှတ်တော် အမတ်များ၊ မီဒီယာများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊သက်ဆိုင်ရာဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးစောဘလှသိန်းက ဂျပန်ရောက်မြန်မာနိုင်ငံသားများ၊မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးနေသောဂျပန်နိုင်ငံသားများနှင့် ရင်းနှီးပွင့်လင့်စွာ တွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် NUG Japan Office ​၏ လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အထူးသဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေသည့် ပြဿနာများကို NUG Japan Office က လက်ခံဖြေရှင်းပေးနိုင်/မနိုင် မေးမြန်းလာသည့်အပေါ် လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း တချိန်တွင် ဆောင်ရွက်နိုင်ရန်မျှော်လင့်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ၊ ဂျပန်ရောက်မြန်မာပြည်သူများမှလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းကုန်နေသူများ ဗီဇာသက်တမ်းတိုးသည့်အခါ နှင့် နိုင်ငံခြား ခရီးသွားရန်လိုအပ်သည့်အခါ အခက်အခဲတစုံတရာရှိပါက NUG ရုံးသို့တိုင်ပင်ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်း ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article