28 C
Yangon

မုံရွာ-မန္တလေးကားလမ်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့များကို ချောင်းဦး PDFက ၅ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းတလျှောက် ၃၇ စီးပါ စစ်ယာဉ်တန်း ဖြတ်သန်းရန်အတွက် ကင်းပုန်းများချထားစဉ် ချောင်းဦး PDF က နေရာ ၅ ခုတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်း သေဆုံးကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၂ ရက် နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်ပါသော သံပြားကာစစ်ကား ၂ စီးသည် မုံရွာမှ ထွက်ခွာလာပြီး မုံရွာ-မန္တလေးကားလမ်းတလျှောက် ကင်းပုန်းများ ချထားခဲ့ခြင်းဖြစ်သည်။

ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာကြားရှိ ကင်းပုန်း ၃ ခုကို ပဒေသာမိုင်း ၂ တွဲ၊ ရှေ့ထွက်မိုင်း ၁ လုံးတို့ဖြင့် ဖောက်ခွဲရာ စစ်သား ၆ ဦးနှင့်အထက် သေဆုံးကြောင်း၊ အောင်ချမ်းသာရွာနှင့် ချောင်းဦးမြို့ကြားရှိ ကင်းပုန်း ၂ ခုကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲရာ စစ်သား ၁၄ ဦး သေဆုံးကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

ယင်းအပြင် စစ်ကိုင်းမြို့ဘက်မှ မုံရွာသို့ ထွက်ခွာလာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကား ၃၇ စီးပါ ထောက်ပို့ယာဉ်တန်းကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်သားထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ချောင်းဦး PDF က ဆိုသည်။

တိုက်ခိုက်မှုများကို ချောင်းဦးမြို့နယ် ပကဖ ၏ ဦးဆောင်မှုဖြင့် ချောင်းဦး PDF တပ်ခွဲ ၄ နှင့် တပ်ခွဲ ၁ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – စစ်ကိုင်းမြို့နယ်အတွင်းတွေ့ရသော စစ်ကောင်စီယာဉ်တန်း (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article