29 C
Yangon

တာမွေတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး ကျောက်မြောင်းအရှေ့ရပ်ကွက် ရုံး အတွင်း ပစ်ခတ်မှု စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်မင်းဟန် ကျည်ထိမှန် သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၈

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တာမွေတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး ကျောက်မြောင်းအရှေ့ရပ်ကွက် ရုံးအတွင်း သေနတ်သမား ၃ ဦးက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်မင်းဟန် ကျည်ထိမှန် သေဆုံး သွား ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်အချိန် တာမွေမြို့နယ်၊ကျောက် မြောင်းအရှေ့ရပ်ကွက်၊အုပ်ချုပ်ရေးမှုးရုံးကို သေနတ်သမား ၃ ဦးက ဧည့်စာရင်း တိုင်လိုသည်ဟု ဝင်ရောက်လာကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ကျောက်မြောင်း အရှေ့ရပ်ကွက်၊ ဥယျာဥ်လမ်းမှ စစ်ကောင်စီခန့် ရာအိမ်မှုး ကျော် မင်း ဟန် သေဆုံးသွားကြောင်း သိရှိရသည်။

“အဲဒီရာအိမ်မှူး ကျော်မင်းဟန်က အတော်ဆိုးဆိုးဗျ။ အတောင်းအရမ်း ကြမ်း တယ်။ အပြောအဆိုကြမ်းတမ်းတယ်။ စစ်တပ်သတင်းပေး။ လူတွေကို ဖြဲစား ခြောက်စားလုပ်တဲ့သူ။ ကျောက်မြောင်းမှာ လူငယ်တွေ အဖမ်းခံရမှုမှာ သူ့ စနက် လည်း မကင်းဘူး။ သူ့ကို သတိပေးမှုတွေ ခဏခဏ ရှိခဲ့တယ်လို့ သိရ တယ်။ ရုံးထဲမှာ အပစ်ခံရတာကလည်း ရင်ဘတ်ကို ကျည်ထိပြီး တစ်ခါ တည်း ပွဲချင်း ပြီးတယ်ပြောတယ်” ဟု ကျောက်မြောင်းဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်မင်းဟန်ကို မည်သည့် အဖွဲ့ က ပစ်ခတ်သည်ကိုမူ မသိရှိရသေး သော်လည်း တာမွေ UG များ ဖမ်းဆီး ခံရမှု၊ ဆန္ဒပြလူငယ်များ အများအပြား အဖမ်းခံရမှုတွင် ၎င်းက ထဲထဲဝင်ဝင် ပါ ဝင် ပတ်သက် စစ်တပ်သတင်းပေးလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရ သည်။

ဓာတ်ပုံ- ယနေ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော တာမွေမှ စစ်ကောင်စီ ခန့် ရာအိမ်မှူး ကျော်မင်းဟန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article