28 C
Yangon

ဆိပ်ဖြူ၊ ပိုင်းရွာတွင် သားသည်မိခင် မနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ် ပြီး အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ဟု ခင်ပွန်းဖြစ်သူပြော

Must read

ရန်ကုန်၊ သြဂုတ် ၁၀

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်း‌ကျေးရွာကို သြဂုတ်လ ၉ ရက်နေ့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်က ပိုင်းကျေးရွာတွင် နေထိုင်သည့် မနှင်းဝေ ကို မုဒိမ်းကျင့် နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ ကြောင်း မနှင်းဝေ၏ ခင်ပွန်းဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆို သည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်က ကျေးရွာများသို့ ဝင်ရောက် စီးနင်း သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မနှင်းဝေနှင့် အမျိုးသားဖြစ်သူတို့သည် ဩဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ ကျေးရွာဖြစ်သော ပိုင်းကျေးရွာအတွင်း၌ ဝက်စာ ကျွေးရန် ပြန်လာရောက်စဥ် စစ်သား ၅ ဦးနှင့် ရွာထိပ်တွင် တွေ့ဆုံမိ ကြောင်း၊ စစ်သားများက ၎င်းတို့ ၂ ဦးကို လိုက်လံပစ်ခတ်ဖမ်းဆီးသောကြောင့် ထွက်ပြေးရင်း လူစုကွဲကာ မနှင်းဝေကို စစ်တပ်က ဖမ်းဆီး မိခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက်စစ်တပ်က မနှင်းဝေကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“မုဒိမ်းကျင့်သတ်တာ ။ ကျွန်တော့် မိန်းမမှာ ဝတ်ထားတာ အင်္ကျီက လက်ရှည် အလောင်းကို ပြန်တွေ့တော့ အင်္ကျီဝတ်ထားတာ မတွေ့ဘူး။ ဘေးမှာ ချွတ်ထား တာ တွေ့မိတယ်။ သေပြီးမှ လာချထားတဲ့ ပုံစံပဲတွေ့တယ်။ မုဒိမ်းကျင့်ပြီး ကာမှ သတ်။ သတ်ပြီးကာမှ အလောင်းလာချထားတယ်။ ဒီနေရာမှာမိ ဒီနေရာ မှာ သတ်ဆိုတဲ့ ပုံစံ မဟုတ်ဘူး။ မိန်းမရဲ့ လက်တစ်ဖက်ကလည်း သူတို့ ခန္ဓာကိုယ် နဲ့ ဖိထားလို့ထင်တယ် ကျိုးနေတယ်။ နောက်ပြီး ဒူး တစ်ချောင်း ကလည်း ထောင်ထားတယ်။ ကျွန်တော့် မိန်းမ ဝတ်ထားတဲ့ အင်္ကျီ လက်ရှည် က ခြေရင်းနားမှာ တွေ့တယ်။ ဖိနပ်ကတော့ တစ်ဖက်ကစီးလို့ တစ်ဖက်က ကျွတ်နေ တယ်။ လက်မောင်းတွေ ခြေသလုံးတွေကို မီးပူ ကပ်ပြီး နှိပ်စက် ထားတယ်။ ရုပ်အလောင်းမှာ မီးပူလောင်ထားတာတွေ တွေ့ရတယ်။ အဲဒီ အတွက် ကို ရင်နာလွန်းလို့။ မိသွားလို့ ပစ်သတ်သွားတာ ခံသာတယ်။ အခုက လူမ ဆန်တဲ့ အလုပ်မျိုးတွေ နွားလုပ်တွေ လုပ်သွားလို့ မခံသာ ဖြစ်နေတာ” ဟု မနှင်းဝေ၏ အမျိုးသား ဖြစ်သူကပြောဆိုသည်။

မနှင်းဝေသည် ပေါက်မြို့နယ်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာသူ ဖြစ်ပြီး ပိုင်းရွာသားနှင့် အိမ်ထောင်ကျကာ အမျိုးသားဖြစ်သူနှင့် လိုက်လံ နေထိုင်သူ ဖြစ်ကြောင်း သား ၁ ဦ၊ သမီး ၁ ဦး၏ မိခင်ဖြစ်ကြောင်း သိရသည်။

စစ်တပ်က မနှင်းဝေကို ဖမ်းမိပြီးနောက် မုဒိမ်းကျင့်ထားသည့်အပြင် သံပြား အပူနှင့် ခြေဖဝါး၊ ခြေသလုံး တွင် ကပ်ပြီး လက်ကိုလည်း လိမ်ချိုးကာ နှိပ်စက် ထားကြောင်း၊ လည်ပင်းတွင်လည်း ထိုးသွင်းဒဏ်ရာများ တွေ့ရှိရ ကြောင်း အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း ၇၀၂ ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဆိပ်ဖြူမြို့နယ် ပိုင်းရွာကို သြဂုတ်လ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ စစ် ကြောင်း ထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မနှင်းဝေ ကို မုဒိန်းကျင့် သတ်ဖြတ်သွားတယ်။ သေဆုံးသူ မနှင်းဝေ ရုပ်အလောင်းမှာ တွေ့ရတဲ့ ပုံစံက သံပြားအပူနဲ့ ခြေဖဝါးတွေ ခြေသလုံးတွေကိုကပ်ထားတဲ့ ပုံစံ တွေလည်း တွေ့ရတယ် ၊ လက်တွေ လိမ်ချိုးထားသလိုမျိုး ပုံစံတွေ ၊ လည်ပင်း မှာ ထိုးသွင်းဒဏ်ရာ အပေါက်နဲ့သေနေတာ ၊ သေတဲ့အချိန် ကျွန်တော် တို့ ဘက်က ဒရုန်းနဲ့ဝဲကြည့်ရင်းတွေ့ရတာက အလောင်းနားမှာ စစ်သား သုံး ယောက် ကိုတွေ့ရတယ်။ ကျန်တဲ့စစ်သားတွေက ဒရုန်းကိုတွေ့တော့ အပင်တွေ အိမ်တွေအောက်ဝင်ပြေးကြတယ်” ဟု ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- မနှင်းဝေအလောင်းကို ပြန်လည်တွေ့ရှိစဉ် ခင်ပွန်းဖြစ်သူက အဝတ် မပါသော ကိုယ်ခန္ဓာအောက်ပိုင်းကို အဝတ်များဖြင့် ပြန်လည် ဖုံးအုပ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article