29 C
Yangon

ဒေါ်လာ အဖမ်းအဆီး နှင့် ရွှေကုန်သည်များကို စစ်တပ်က စုံစမ်းမေးမြန်းမှုများကြောင့် အရောင်းအဝယ် တန့်၊ ရွှေနှင့်ဒေါ်လာ စျေး အနည်းငယ်ကျ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာ ဝယ်ရောင်းများကို လိုက်လံ ဖမ်းဆီးနေခြင်း၊ ရွှေကုန်သည်များကို စုံစမ်းမေးမြန်းမှုများ ရှိနေခြင်းများကြောင့် ရွှေနှင့်ဒေါ်လာစျေးကွက်တွင် အရောင်းတန့်နေပြီး စျေးနှုန်း ပြန်ကျနေကြောင်း စျေးကွက်အတွင်း မှ သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၂၉၅၀ နှင့် ၂၉၈၀ ကျပ်အကြား၊ ရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၆ သိန်း ၃ သောင်းဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။

“ဒီနေ့အကယ်ဒမီရွှေသန့်စင်လုပ်ငန်း နဲ့ရွှေဘုံသာစျေးကွက်က တိုင်းရွှေလုပ်ငန်းရှင်အသင်းကို နေပြည်တော်လာဖို့ ခေါ်မယ်ကြားတယ်။ အရောင်းအဝယ်က မလုပ်ရဲကြဘူး။ အားလုံးငြိမ်နေတယ်။ ကမ္ဘာ့ရွှေစျေးလည်း ပြန်ကျတယ်” ဟု ရွှေစျေးကွက်သတင်းရင်းမြစ်က ပြောသည်။

အမေရိကန်ဒေါ်လာမှာမူ စစ်ကောင်စီ စီးပွားကူးသန်းဒုဝန်ကြီး ညွှန့်အောင်ကဖ မ်းဆီးမည်ဟု ကုန်သည်နှင့်စီးပွားရေး လုပ်ငန်းရှင်များကို ခေါ်ယူခြိမ်းခြောက်ထားသဖြင့် အရောင်းအဝယ် တန့်နေကြောင်း သိရှိရသည်။

“မနေ့က UMFCCI မှာ ဒေါ်လာ စျေးဆွဲလို့ ဖမ်းမယ် အရေးယူမယ်ပြောတော့အားလုံး ခဏရှောင်ကြတယ်။ သူတို့ဒေါ်လာ အရမ်းလိုနေတော့ အရွှေ့အပြောင်းတွေက အစ ဘဏ်တွေကအစ စစ်တပ်နဲ့ စသုံးလုံးက ကြည့်နေတာ။ အဲဒါကြောင့် အရောင်းအဝယ်တန့်တာ” ဟု စီးပွားရေးသမားတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article