33 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဩဂုတ်လ ၁၆ ရက်နေ့မှာ ထောင်ဒဏ်တွေ ထပ်မံ ချမှတ်တာဟာ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ က ဂရုမစိုက်ကြောင်း ထပ်မံပြသလိုက်တာဖြစ်ပြီး NUG ၊ NUCC နဲ့ ထိတွေ့ ဆက်ဆံကြဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ကနေ ထပ်မံ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ – ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၊ အင်းလျားလိတ်-ဟိုတယ်လမ်းမှာရှိတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့၊ ပစ္စည်းထိန်း-တပ် (ကထပ) တပ်အတွင်းက မြေနေရာကို ရုရှားစစ်ဘက် ကိုယ်စား လှယ်တွေ အခြေစိုက်ဖို့ ပေးအပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။ – ရခိုင်ပြည်နယ် နဲ့ ပလက်ဝေ ဒေသတွေမှာ ဩဂုတ် ၁၃ ရက်နေ့က ဖြစ်ပွားတဲ့ ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေသွားတဲ့ ၃၇ ဦးထဲမှာ ခလရ ၂၇၀ တပ်ရင်းမှူး ၊ ဒုဗိုလ်မှူးကြီး – မိုးဇော်၊ ခမရ ၅၃၇ က ဗိုလ်မှူး- သက်နိုင်ဦး၊ ခလရ ၂၀ က ဗိုလ်မှူး တို့ပါဝင်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article