38 C
Yangon

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင်ညအချိန် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ တပ်မဟာ ၆ နယ်မြေတွင် ယနေ့ ည ၁၁ နာရီ ၃၈ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း ဒေသခံများနှင့်ကင်း ထောက်များထံမျ သိရှိရသည်။

“မှော်ဘီက လေယာဉ်တက်တယ်ဆိုတဲ့ လူမှုကွန်ရက် စတေးတပ်တွေ မြင်ရပြီး ၁၅ မိနစ်လောက်ပဲကြာတယ်။ ဗုံးကျဲသံကြားရတယ်။ ပေါက်ကွဲသံ လေးကြိမ်ကြားရတယ်။ အခုလည်း လေယာဉ်တွေ ထပ်လာနေတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

PDF သတင်းရင်းမြစ်ခုကမူ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဘက်၊ ၃ ထပ်ကွေ့ သို့ ဗုံးကျဲချခြင်းဖြစ်သည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းမှစတင်ပြီး မြ၀တီ၊ သင်္ဃန်းညီနောင်နှင့်ကော့ကရိတ်ဘက်တွင် တိုက်ပွဲဖြစ်ပွားမှုများ တစ်နေကုန် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article