35 C
Yangon

မဘသနှင့် အမျိုးသားရေးလှုပ်ရှားမှုများကို အဓိက ကြိုးကိုင်ထောက်ပံ့သူ၊ ကြံ့ဖွတ် ဒုဥက္ကဋ္ဌ ခင်ရီနှင့် ချစ်နိုင် (စိတ်ပညာ) တို့ကို ဝန်ကြီးရာထူးများမှ မင်းအောင်လှိုင် ဖယ်ရှား

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

အမျိုးဘာသာသာသနာ လှုပ်ရှားမှုနှင့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုများတွင် အဓိက ကြိုးကိုင်ထောက်ပံ့ခဲ့သူ ကြံ့ဖွတ်ဒုဥက္ကဋ္ဌ လ၀က ဝန်ကြီး ခင်ရီ နှင့် အမှတ် ၂ စစ်ကောင်စီရုံးဝန်ကြီး ချစ်နိုင် စိတ်ပညာတို့ကို မင်းအောင်လှိုင်က ယနေ့ ရာထူးမှ ဖယ်ရှားလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာစတင်သိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးအဖြစ် မင်းအောင်လှိုင်က ခန့် အပ်ခဲ့သူ ချစ်နိုင်(စိတ်ပညာ) သည် စစ်ကောင်စီရုံး ၂ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရာမှ ယခုအခါ ဝန်ကြီးအဖြစ်မှ ဖြုတ်ပယ် ခံရခြင်းဖြစ် သည်။

အလားတူ အမျိုးဘာသာ သာသနာ မဘသ လှုပ်ရှားမှုများ၊ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများနှင့် NLD အစိုးရ ဖြုတ်ချရေး လှုပ်ရှားမှုများကို နောက်ကွယ်မှ ငွေကြေးပံ့ပိုးပြီး ထောက်ပံ့ ကြိုးကိုင်ခဲ့သူ ခင်ရီမှာလည်း လ၀က ဝန်ကြီးအဖြစ်မှ ဖြုတ်ချခံလိုက်ရပြီး ၎င်း၏ နေရာတွင် မြင့်ကြိုင်ကို ဝန်ကြီးအဖြစ် မင်းအောင်လှိုင်က အစားထိုးလိုက်သည်။

ခင်ရီသည် သန်းရွှေခေတ်တွင် ရဲချုပ်၊ ဗိုလ်မှူးချုပ်နှင့် သိန်းစိန်ခေတ်တွင်လည်း ဝန်ကြီးများ ရာထူးများ တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်သည် အာဏာသိမ်းရန် ကြိုးပမ်းသည့် ကာလ ၁၈ လကျော်အကြာတွင် စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ပြီး လူသစ်တချို့ပါလာခြင်း၊ ရှိရင်းစွဲလူများကို အပြောင်းအရွှေ့လုပ်ခြင်းများ ယနေ့ လုပ် ဆောင်နေသည်ကို တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article