23 C
Yangon

ချောင်းဦးတွင် မိုင်းထိပြီး ဆေးရုံတက် အသက်လု ဆေးကုခဲ့ရသည့် ဗိုလ်မှူး အောင်ကိုမင်း မိုင်းထပ်မံထိမှန်ပြီး အတွင်းလူနာဖြစ်ပြန်၊ မိုင်းဆွဲခံရမှုများကြောင့် စစ်ကောင်စီဘက်မှ စစ်သား ၁၁ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်တွင် ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်း ချောင်းဦးမြို့လုံခြုံရေး တာဝန်ယူထားသူ ဗိုလ်မှူးအောင်ကိုမင်းနှင့်အဖွဲ့ မိုင်းဆွဲခံရပြီး ဗိုလ်မှူးအောင်ကိုမင်း အပါအဝင် ၄ ဦး အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိကြောင်း ချောင်းဦး PDF သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်း မုံရွာ-မန္တလေးကားလမ်းပိုင်းတွင် ဗိုလ်မှူးအောင်ကိုမင်းနှင့်အဖွဲ့ ဝင်များ လိုက်ပါသော ကားကို မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း ၊ ဗိုလ်မှူးအောင်ကိုမင်းသည် မုံရွာအခြေစိုက် အမှတ် ၇၄၇ စစ်လက်နက် ပစ္စည်းတပ်ခွဲ(မုံရွာ)မှ ဖြစ်ပြီး တိုက်ခိုက်ရေးတပ်မှမဟုတ်ကြောင်း၊ အင်အားမရှိ၍ ချောင်းဦးတွင် တာဝန်ကျနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မိုင်းထိသွားတဲ့အထဲမှာ ဗိုလ်မှူးအောင်ကိုမင်းပါတယ်။ သူက ချောင်းဦးမြို့နယ် လုံခြုံရေး တာဝန်ကျနေတာ။ အရင်တစ်ခါကလည်း မိုင်းထိပြီးသား မသေရုံတမယ် မနည်းဆေးကုထားရတာ။ အရေးပေါ်အခန်းထဲအကြာကြီးကုပြီးမှချောင်းဦးပြန်ရောက်လာတာခုထက်ထိပြန်ပီ။ မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားတယ်ပြောတယ်။ အသက်အန္တရာယ် စိုးရိမ်နေပြီး ခုလည်း မုံရွာ နမခ ဆေးရုံမှာမှာ အသက်လုပ်နေရတယ်” ဟု ချောင်းဦးPDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ငွေကြေး တောင်းရမ်းနေသော စစ်သားများ သြဂုတ်လ ၁၈ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသည့် အကြမ်းဖက် စစ်တပ်ကို CHUPDF တပ်ခွဲ ၃ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲပိုင်းတွင်လည်း မုံရွာ-မန္တလေး လမ်းပိုင်း အနောက်ဘက် လယ်ကွင်းများတွင် မိုင်းရှာနေသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CHUPDF တပ်ခွဲ ၄ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ချောင်းဦး PDF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article