35 C
Yangon

အာဆီယံ-ရုရှ လုံခြုံရေးဆိုင်ရာ အစည်းအဝေးသို့ မြန်မာအကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြား

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

အာဆီယံအဖွဲ့ကြီးရဲ့ လက်ရှိဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ရုရှားနဲ့ တွေ့ဆုံဆွေးနွေးမဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ရဲ့ တရားမဝင် စစ်ကောင်စီကို ဖိတ်ကြားလိုက်ပါတယ်။

အာဆီယံအဖွဲ့ကိုယ်စား ဖိတ်ကြားလိုက်တဲ့ ဒီအစည်းအဝေးကို လာမဲ့ သြဂုတ် ၂၂ ရက် တနင်္လာနေ့မှာ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပမယ်လို့လည်း ပေါက်ကြားလာတဲ့ ဖိတ်စာပါအချက်အလက်တွေအရ သိရပါတယ်။

ပေါက်ကြားလာတဲ့ ဖိတ်စာတွေထဲမှာတော့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မန်နစ်က ကမ္ဘောဒီးယားကို ကိုယ်စားပြုပြီး အစည်းအဝေးတက်ရောက်မှာ ဖြစ်သလို၊ ရုရှားလုံခြုံရေးကောင်စီမှ Nikolai Patrushev ကလည်း ရုရှနိုင်ငံကို ကိုယ်စားပြုပြီး တက်မယ်မယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။ မြန်မာဘက်ကတော့ ဘယ်သူတက်မယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒီအစည်းအဝေးဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဟန့်အတား မရှိပဲ အရှိန်မပြတ် ဆက်လက်လုပ်ဆောင်နေနိုင်တယ် ဆိုတာကို ပြသရာရောက်ပြီး၊ စစ်ကောင်စီကို ရုရှားနဲ့ ပိုမိုထိတွေ့ဆက်ဆံနိုင်အောင် ဖိုရမ်တစ်ခုသဖွယ် ပံ့ပိုးဖန်တီးပေးရာလည်း ရောက်နေပါတယ်။ လက်ရှိမှာလည်း မြန်မာအကြမ်းဖက်စစ်ကောင်စီနဲ့ ရုရှား နှစ်နိုင်ငံစလုံးဟာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးရဲ့ ကျွမ်းကျင်သူများ အလုပ်အဖွဲ့ ပူးတွဲဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။

မြန်မာအကြမ်းဖက် စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဂရုမစိုက် အကောင်အထည် မဖော်တဲ့အပြင်၊ အခုလို အာဆီယံ လုံခြုံရေးဆိုင်ရာ အစည်းအဝေးများကို အသုံးချပြီး သူတို့ရဲ့ တရားဝင်မှုကို ရရှိဖို့ ကြိုးပမ်းလေ့ရှိပြီး၊ NUG နဲ့ NUCC တအပါအဝင် ပြည်တွင်းအတိုက်အခံ အဖွဲ့တွေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် နိုင်ငံတကာမှာ ပုံဖော်ဖို့ ကြိုးပမ်းလေ့ ရှိတာတွေ့ရပါတယ်။

ဒါပေမဲ့ အာဆီယံဟာ ထိပ်သီးအစည်းအဝေးတချို့မှအပ မြန်မာစစ်ကောင်စီနဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကို အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း အပြင်းအထန် ရှုတ်ချကြပါတယ်။

အထူးသဖြင့် အာဆီယံရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကြံရာပါအနေနဲ့ အားပေးကူညီရာ ရောက်နေတယ်လို့ တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က မကြာခဏ ထုတ်ပြန်ပြောကြားလေ့ ရှိပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article