28 C
Yangon

ပုလဲနှင့်မြိုင်မြို့နယ် အစပ်တွင် စစ်တပ် စစ်ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၂

စစ်ကိုင်းတိုင်း ပုလဲမြို့ နှင့် မကွေးတိုင်း မြိုင်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် PRA (ပြည်သူ့တော်လှန်ရေး တပ်မတော်) က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PRA တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလဲနှင့် မြိုင်အစပ်ကို လေယာဉ် ၄ စီးဖြင့် လာချသွားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး PRA တပ်ဖွဲ့က ယင်းစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁ ဦးသေဆုံး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ပုလဲမြို့ နှင့် မြိုင်မြို့ နယ် အစပ်ရှိ ကျေးရွာ ၈ ရွာကျော်ခန့်မှ စစ်ဘေးရှောင် ပြည်သူ ၄၀၀၀ ခန့်အတွက် အစားအသောက်နှင့် ရိက္ခာပစ္စည်းများ လိုအပ်လျက်ရှိပြီး PRA တပ်ဖွဲ့မှလည်း ဆေး နှင့် စားစရာများ ကူညီ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article