35 C
Yangon

တွံ့တေးမြို့နယ် ထွေ/အုပ်ရုံးတွင် အစည်းအဝေး တက်ပြန်လာသော စစ်ကောင်စီခန့် ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်ညွှန့်နှင့် ရာအိမ်မှူးများ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ထွေ/အုပ်ရုံးတွင် မြို့နယ်စစ်ကောင်စီက ဆင့် ခေါ် သော အစည်းအဝေး တက်ရောက်ပြီး ပြန်လာသည့် ဇီဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့် နှင့်ရာအိမ်မှူးများ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး လူ ၆ ဦးသေဆုံးကြောင်း ဒေသခံများနှင့် စစ်တပ် သတင်းရင်းမြစ်တချို့က ပြော သည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် တွံ့တေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေး တက်ပြီး ကားငှား ပြန်လာသော ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးခင်ညွန့်၊ ရာအိမ်မှူး အေးမြင့်၊ ရာအိမ်မှူး ဝင်းဇော်၊ ရာအိမ်မှူး သန်းဌေးနှင့် ရာအိမ်မှူး စန်းလွင်တို့ကို သမန်းတောကျေးရွာအနီးတွင် သေနတ်သမားက ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ခင်ညွှန့် အပါ အဝင် ရာအိမ်မှူး ၃ ဦး သေဆုံးပြီး ရာအိမ်မှူးစန်းလွင်မှာဒဏ်ရာရရှိကြောင်း၊ ကားမောင်းသူနှင့် ဆိုင်ကယ်သမားတစ်ဦးလည်း ထိမှန်သေဆုံးကြောင်း သိရှိရသည်။

“အခင်းဖြစ်တဲ့နားမှာတော့ ရဲနဲ့စစ်သားတွေ အတော်များတယ်။ ပစ်ခတ်မှုပြီး တော့ ပစ်တဲ့သူတွေ က ကားနဲ့ ပြန်ထွက်သွားကြတယ် ။ သေနတ်သံတွေက တော့ အချက်ပေါင်းများစွာပဲ။ ကြိုစောင့်ပြီး ပစ်တာ။ သေသူတွေက ရယကတွေတဲ့” ဟု ဒေသခံတစ်ဦးက ပြော သည်။

လက်ရှိတွင် တွံ့တေး၊ အင်းစိန်၊ လှိုင်သာယာ၊ ဒလ၊ မြို့အထွက်များနှင့် လမ်းဆုံးလမ်းခွ ဂိတ်များကို စစ်တပ်နှင့်ရဲများ အထူးတင်းကျပ်စွာစစ်ဆေးနေကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်လော်ဘီတယ်လီဂရမ်များတွင် ဖြန့်ဝေထားသည့် တွံ့တေးတွင် ယနေ့ ပစ်ခတ်ခံရသော အငှားယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article