35 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ရာ ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) မြေနေရာအငြင်းပွားမှုနဲ့ပတ်သက်၍ ဦးအောင်ဆန်းဦး၏ အထူးအယူခံ လျောက်ထားမှုကိုလက်ခံတယ်လို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က သြဂုတ် ၂၂ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ – မကွေးတိုင်း၊ ဆောမြို့က ဦးခင်မောင်လင်းနဲ့ မိသားစုဝင်တွေကို ဒလန်ရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်တပ်ကာ မိသား တစ်စုလုံးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်အပေါ် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေး အဖွဲ့ အစည်းတွေ စုပေါင်းပြီး ရှုတ်ချကြောင်း ဩဂုတ်လ ၂၂ရက် မှာ ထုတ်ပြန်ကြေညာပါတယ်။ – ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ထွေ/အုပ်ရုံးမှာ အစည်းအဝေး တက်ရောက်ပြီး ပြန်လာတဲ့ ဇီဖြူကုန်းကျေးရွာ အုပ်ချုပ် ရေးမှူး ခင်ညွှန့်နဲ့အဖွဲ့လိုက်ပါလာတဲ့ ကားပစ်ခတ်ခံရပြီး လူ ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်တပ်သတင်း ရင်းမြစ်တချို့က ပြောပါတယ်။ – မန္တလေးတိုင်း၊ ရတနာပုံတက္ကသိုလ် CDM ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီခန့် Non-CDM ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ၊ စီမံဘဏ္ဍာ ဌာနမှူးဒေါ်ကြည်ကြည်မွန်တို့က အကြမ်း ဖက်စစ်တပ် နဲ့အတူ ပူပေါင်းဖမ်းဆီးခဲ့တဲ့အတွက် CDM ဝန်ထမ်း ၅ ဦး ဖမ်းဆီးခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article