35 C
Yangon

တိုက်ပွဲပြင်းထန်နေသော မြ၀တီမြို့နယ်၊ သုံးထပ်ကွေ့ကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲချ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကော်သူလေးနယ်မြေ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် အကြမ်း ဖက်စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲချသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အကြမ်းစစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၄ စင်းသည် မြ၀တီနှင့်ကော့ကရိတ်မြို့နယ်အတွင်းတွင် ပျံသန်းပြီး သုံးထပ်ကွေ့ကို ဗုံးကျဲချသွားခြင်းဖြစ် ကြောင်း၊ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ် ကမကုန်းနဲ့ရွာသစ်ရွာပေါ်မှာ တိုက်လေယာဉ် ၃စီးဝဲနေတာ ၁၀ မိနစ်လောက်ရှိပြီ။ မြ၀တီ သုံးထပ်ကွေ့ကိုတော့ ဗုံးကျဲသွားတယ်ပြောတယ်။ စစ်တပ်ဘက်က လေယာဉ် အတက် အဆင်းလုပ်တာတွေ ပြည်သူတွေ သတင်းပေးပို့ရင် တော်လှန်ရေးရဲဘော်တွေအတွက် အထောက်အကူဖြစ်ပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article