38 C
Yangon

မန္တလေးတွင် ယနေ့ နံနက် ပစ်ခတ်ခံရပြီး သေဆုံးသူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်းမဟုတ်ဘဲ CID ရဲမှူး စိုးကိုကို လင်မယားဖြစ်၊ CID ရဲမှူး စိုးကိုကိုသည် စစ်တပ်မှ ပြောင်းရွှေ့လာသော မိုးကျရွှေကိုယ် ရဲအရာရှိဖြစ်ပြီး မန္တလေး UG များကို ဖမ်းဆီးရာတွင် အဓိကအရေးပါသော CCTV နည်းပညာကျွမ်းကျင်သူအဖြစ် ပါဝင်ခဲ့

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

မန္တလေး၊ လမ်း ၃၀ ၊ ၅၇ လမ်းနှင့် ၅၆ လမ်းအကြား ယနေ့ နံနက် ပစ်ခတ်ခံရပြီး သေဆုံးသူမှာ ဟိုတယ်ဝန်ထမ်းများ မဟုတ်ကြဘဲ CIDရဲမှူး စိုးကိုကို လင် မယားဖြစ်ပြီး CID ရဲမှူး စိုးကိုကိုသည် မန္တလေး UG များကို ဖမ်းဆီးရာတွင် အဓိကအရေးပါသော CCTV နည်းပညာကျွမ်းကျင်သူအဖြစ် ပါဝင်ခဲ့ကြောင်း မန္တလေးတော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။

မန္တလေးချမ်းအေးသာဇံမြို့နယ် လမ်း၃၀၊ ၅၇လမ်းနှင့် ၅၆ လမ်းအကြားတွင် CID ရဲမှူး စိုးကိုကို လင်မယား ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ CID ရဲမှူးစိုးကိုကို၏ အမျိုးသမီးဖြစ်သူလည်း ဗိုက်ကျည်ထိမှန်ပြီး သေဆုံးကြောင်း သိရှိရသည်။

“CIDရဲမှူးစိုးကိုကို က တပ်က ပြောင်းလာတဲ့ CCTV ကျွမ်းကျင် ပညာရှင်ပါ၊ မန္တလေး UGတွေမိတာ သူ့ကြောင့်မို့။ ရာထူးတိုးထားတာ မကြာသေးဘူး။ ခုတော့ CIDရဲမှူးပေါ့၊ သူ့ကို ရှင်းလင်းနိုင်ခဲ့တာ MDY UGတွေ အတွက် အောင်မြင်မှုတစ်ခုပါပဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article