28 C
Yangon

မန္တလေးတွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံး သူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကိုနှင့်မနှင်းဝေလှိုင် လင်မယားဖြစ်ပြီး CID ရဲမှူး စိုးကိုကို လင်မယား မဟုတ်ကြောင်း မန္တလေးဒေသခံများပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

မန္တလေးတွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံး သူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကို လင်မယားဖြစ်ပြီး CID ရဲမှူး စိုးကိုကို မဟုတ်ကြောင်း မန္တလေးဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

“သေသွားတာက CID ရဲမှူး စိုးကိုကိုမဟုတ်ဘူး။ အပစ်ခတ်ခံရပြီး ဆုံးတာက ကိုစည်သူကိုကို ။ ဘေထုတ်အထည် brand တွေရောင်းတာပါ။ နောက်ပြီး အမျိုးသမီး မနှင်းဝေလှိုင်က မြနန်းရုံ ဟိုတယ် ဝန်ထမ်းပါ။ CID ရဲမှူး စိုးကိုကို မဟုတ်ပါဘူး။ ကိုစည်နဲ့မနှင်းပါ သေဆုံးသူတွေက ” ဟု သေဆုံးသူများနှင့်ရင်းနှီးသည့် မိတ်ဆွေက ပြောသည်။

မန္တလေး UG များက CID ရဲမှူး စိုးကိုကို ဟု ဆိုနေကြသော်လည်း ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသည့် ဒေသခံ ၃ ဦးထက်မနည်းက သေဆုံးသူ ၂ ဦးသည် ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကိုနှင့် မနှင်းဝေလှိုင် လင်မယားဖြစ်သည်ကို အတည်ပြုကြပြီး လူမှားယွင်း ပစ်ခတ်မိခြင်းဖြစ်နိုင်သည်ဟုဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article