37 C
Yangon

ကရင်ပြည်နယ်၊ ကော်သူလေး တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်ဘက်တော်သား BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု BGF တပ်သား ၄ ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ သြဂုတ် ၂၄

ကရင်ပြည်နယ် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့ စခန်းငယ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ လက်အောက်ခံ တပ်ဖွဲ့များက သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီး BGF တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNU – မူတြော် သတင်းစဥ်ထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ ဘောကျုံ့ထာ့စခန်းငယ်ကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် M-16 ၂ လက်၊ AK-47 ၁ လက်၊ စကားပြောစက် ၂ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ RPG-7 ကျည် ၇ လုံး၊ M-16 ကျည်ဘောက် ၁ ခု၊ AK-47 ကျည်ဘောက် ၃ ခုနှင့် နာတိုးစက်လတ်ကျည် ၉၄ ထောင့် သိမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်များသည် ပြည်သူကို ဖိနှိပ် ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်ခြင်း၊ ဆက် ကြေး တောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင်လည်း နယ်ခြားစောင့်တပ် တပ်နယ်အမှတ် ၁၀၁၃ မှ ဗိုလ်လှကြိုင်က ဒွယ်လိုးမြို့နယ် ကတိုင်တိနှင့် လေးဖိုးထာ့ကျေးရွာ အုပ်စုအတွင်းရှိ ကတိုင်တိ၊ ကိုင်းတော၊ ဘောကျုံ့ထာ့၊ တောသူးကလားနှင့် ဘောကျုံ့လယ်ကျေးရွာသား ၅၀၀ ခန့်ကို ကမမောင်းမြို့တွင် အတင်းအဓ္ဓ မှတ် ပုံတင်သွားရောက် ရိုက်ယူစေခဲ့ပြီး လူ ၁ ဦးလျှင် ၃ သိန်း တောင်းယူခဲ့​ကြောင်း KNU – မူတြော် သတင်း စဥ်က တရားဝင်သတင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article