29.6 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ်၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် ၃ ခု အစပ်မှာ မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ် ပေါင်းစုတွေက အကြမ်းဖက် စစ်ကောင်စီတပ်ကို မနေ့ကတိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်း မိပြီး စစ်သား ၄၀ ဦးထက်မနည်းသေသွားကာ လက်နက် ၂၂ လက်နဲ့ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့ တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီက ပြောပါတယ်။ – ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF)ရဲ့ ဘောကျုံ့ထာ့စခန်းငယ်ကို ဩဂုတ် ၂၂ရက်က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ သုံးထပ် ကွေ့ကို အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၂၃ ရက် နံနက် ၉ နာရီကစတင်ကာ ကြည်းကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ – ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ပွန်ချောင်းအနီး အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့စခန်းကို ကရင်နီပူး ပေါင်း တပ်ဖွဲ့က ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက်မှုရှိတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article