33 C
Yangon

ကရင်နီတွင် စစ်ကြောင်းထိုးနေသော တပ်မ ၆၆၊ ခလရ ၁၁ မှ တပ်သားသုံးဦး လက်နက်ခဲယမ်းများနှင့်တကွ KA ထံ အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကရင်နီပြည်နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၁ တပ်ရင်းမှ တပ်သား ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်တကွ ကရင်နီတပ်မတော် KA ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဝါးယားချောင်းကျေးရွာအခြေစိုက် ခလရ ၁၁ တပ်ရင်းမှ တပ်သား ၃ ဦးသည် ၎င်းတို့ကိုင်ဆောင်သော MA3 သေနတ် ၃ လက်၊ ကျည်ဆံ ၁,၀၀၀ ဝန်းကျင်၊ လက်ပစ်ဗုံး ၃ လုံးနှင့်တကွ စက်တင်ဘာလ ၉ ရက်နေ့တွင် KA ထံ အလင်းဝင်လာခြင်းဖြစ်သည်။

အဆိုပါ တပ်သား ၃ ဦးအနက်မှ တစ်ဦးသည် အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း၊ အသက်မပြည့်သူ ကလေးစစ်သားများကို ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း၊ စစ်အာဏာရှင်၏ လုပ်ရပ်ကို မကြိုက်၍ CDM လုပ်ခြင်းဖြစ်ကြောင်း ကန္တရာဝတီတိုင်းမ် က သတင်းဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article