29 C
Yangon

မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ အကျဉ်းသား ၁ ဦးထပ်မံ သေဆုံး၊ စစ်ကောင်စီက အကျဉ်းထောင်မှ ဝန်ထမ်း ၅ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ အကျဉ်းသား ၁ ဦး ထပ်မံသေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်တွင် လွတ်ငြိမ်းခွင့်နှင့်ပတ်သက်၍ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ် တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးဝင်း၊အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်ထွန်း၊ အသက်၄၂ နှစ် အရွယ် အကျဉ်းသား ဦးညွန့်ဌေးနှင့် အသက် ၄၃ နှစ်အရွယ် အကျဉ်း သား ဦးထွန်းဝင်းတို့ သေဆုံးခဲ့ရကြောင်း၊ ဒဏ်ရာရရှိထားသူ အကျဉ်သား ကိုယိန်းဘောမ်မှာလည်း ဧပြီလ ၂၁ ရက်နေ့ တွင်ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆန္ဒပြမှုတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ရန် ပြင်ဆင်နေကြောင်း၊ အဆိုပါအကျဉ်းသားများအတွက် ပါဆယ်ပို့ခွင့်လည်း ပိတ်ခံထားရကြောင်း သိရှိရသည်။

မြစ်ကြီးနားအကျဉ်းထောင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧပြီလ ၂၄ ရက်နေ့တွင် ထောင်ပိုင်လေး ကျော်မင်းဦး၊ထောင်ဆေးရုံဆရာဝန် ထွန်းထွန်းအောင် အပါ အဝင် ထောင်ဝန်ထမ်း ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

“လက်ရှိကျနော်တို့သိရှိထားတာက မြစ်ကြီးနား အကျဉ်းထောင်အတွင်းမှာ အကြမ်းဖက်ဖြိုခွင်းမှုကို ဦးဆောင်လို့ ဖမ်းဆီးခံရတယ်လို့ သိထားပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရှင်းပြသည်။

ဓာတ်ပုံ – မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကျဉ်းသားများ၏ နာရေး ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကျဉ်းသားများ၏ နာရေး ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article