29 C
Yangon

ဖျာပုံထောင်တွင် နိုင်/ကျဉ်း များ အပါအဝင် အကျဉ်းသားနှင့်အချုပ်သားများကို ဆဲဆို ရိုက်နှက် ညှဉ်းပန်းမှုများရှိပြီး သတ်မှတ်ချက်အတိုင်း အစာ၀လင်အောင် မကျွေး၍ ငတ်မွတ်မှုများ ကြုံနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား၊ အချုပ်သားများ အကျဉ်းထောင် ဥပဒေများ ဖောက်ဖျက်ခံနေရသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများ၊ ထောင်တွင်း လာဘ်ပေးလာဘ် ယူမှုများ ကြုံတွေ့နေရခြင်း၊ အစာအာဟာရနှင့် ပတ်သက်၍ သတ်မှတ်စည်းကမ်းတိုင်းမဟုတ်ဘဲ အပြည့်အဝ မကျွေးမွေးခြင်းတို့ ကြုံတွေ့နေရကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်မှ သိရှိရသည်။

ဖျာပုံအကျဉ်းထောင်တွင် အကျဉ်းသား၊အချုပ်သားအဖြစ် ကျခံနေရသည့် အကျဉ်း သား၊အချုပ်သားများထဲမှာ ပုံစံခန်းအဖြစ် သတ်မှတ်ထားသည့် အိပ်ဆောင် ၁ / အခန်း ၇ တွင် ပုံစံကြေးအဖြစ် ကော်ဖီမစ် ၂၅ ထုပ်ကောက်ခံခြင်း၊ အိပ်ရာနေရာနှင့် အခန်းကြေးအဖြစ် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး အဆောင်မှူး၊ ထောင်မှူး၊ ထောင်ပိုင်တာဝန် ခံအရာရှိ၊ ဒုတာဝန်ခံအရာရှိများ ထံသို့ သတင်းပို့ တိုင်ကြားသော်လည်း အပြစ်ပေးအရေးယူခြင်း မပြုလုပ်ခြင်း၊ အိပ် ခန်းတာဝန်ကျက ထောင်ပုံစံနေနည်းထိုင်းနည်းမျး သင်ပေးသည့် အပေ ါ် ကိုယ်ထိလက်ရောက် ဆုံးမခြင်းနှင့် မတရားသဖြင့် နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပုံစံခန်းမှ အိပ်ဆောင်၊ အခန်း ပြောင်းရွှေ့နေထိုင်ရန်အတွက် အိပ်ဆောင်မှူး၊ ထောင်မှူး၊ အခန်းတာဝန်ကျများထံသို့ လာဘ်ပေး လာဘ်ယူကိစ္စများပြု လုပ်ပြီးမှသာ လိုချင်သည့် အိပ်ခန်းသို့ ပြောင်းရွှေ့ခွင့်ရပြီး နိုင်ငံရေးအကျဉ်း သားများအတွက်လည်း သီးသန့်ဆောင်အဖြစ် သတ်မှတ်ပေးထားခြင်းမရှိကြောင်း၊ ရာဇဝတ်အကျဉ်းသားများနှင့် ရောနှောထားရှိပြီး အကျဉ်းသားရပိုင်ခွင့်များနှင့် ထောင်တွင်း တရားဝင်ခံစားပိုင်ခွင့်များ ဆုံးရှုံးနစ်နာအောင် ပြုလုပ်ထားခြင်းများ ရှိနေကြောင်း သိရှိရသည်။

ဖျာပုံထောင် အိပ်ဆောင် ၂ ၊ အခန်း ၂ အခန်းတွင်လည်း နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများအပေါ်တွင် ဆဲရေးတိုင်းတွာခြင်း၊ မကြားဝံ့မနာသာ ဆဲ ဆိုကြိမ်းမောင်းသည့်အပြင် အခန်းတာဝန်ကျ၏ ဖခင်ဖြစ်သူကလည်း ကိုယ်ထိလက်ရောက် အနိုင့်ထက်အကျင့် ပြုလုပ်လျက်ရှိကြောင်း ဖျာပုံအကျဉ်း ထောင်တွင် ကျခံနေရသည့် အကျဉ်းသား၊ အချုပ်သားများထံမှ သိရှိရသည်။

ထောင်အစားအစာများ ကျွေးမွေးရာတွင်လည်း နံနက် ထမင်းကြော်၊ ပဲထမင်းကျွေးရမည့် အစား ဆန်ပြုတ်ရေကျဲကို အစားထိုးကျွေးခြင်း၊ ကိုယ်တာအတိုင်း အပြည့်အဝ မစားသောက်ရခြင်း၊ ထမင်းဖြူကိုပင်လျှင် အဆင်ပြေစွာ မပေးတော့ ခြင်းတို့ကြောင့် ငတ်မွတ်မှုများကြုံနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခင်ကာလ အကျဉ်းထောင်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Photo- AAPP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article