33 C
Yangon

မော်လမြိုင် ကျုံဒုံကျေးရွာ ဘိလပ်မြေစက်ရုံအနီး ရဲကင်းစခန်း စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး အမျိုးသမီးနှင့်ကလေးငယ်များကို ပြန်လွှတ်ပေး၊ ပေါက်မြို့နယ်တွင် ရိက္ခာဝယ်သည့် ပျူစောထီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင် ကျုံဒုံကျေးရွာ ဘိလပ်မြေစက်ရုံအနီး ရဲကင်းစခန်း စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး အမျိုးသမီးနှင့်ကလေးငယ်များကို ပြန်လွှတ်ပေးလိုက်ကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မော်လမြိုင်မြို့ ကျုံဒိုးကျေး ရွာ ဘိလပ်မြေစက်ရုံအနီး ရဲကင်းစခန်းကို နဂါးနီစစ်ကြောင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် မိနစ်၃၀ခန့် ကြာမြင့်ခဲ့ရာ ရဲတပ်သား ၂ ဦး သေဆုံးကြောင်း၊ လက်ကိုင်ဖုန်း ၅ လုံး သိမ်းဆည်းရရှိပြီး စခန်းတွင် လက်နက်မထားရှိသောကြောင့် သိမ်းဆည်း ရမိသော လက်နက်မရှိကြောင်း သိရှိရသည်။

ထို့နောက် ထိုစခန်းကို ရဲတပ်သား အလောင်း၂လောင်းအပါ မီးရှို့ ဖျက်ဆီးခဲ့ပြီး ထိုရဲကင်းစခန်းတွင် ရှိသော အမျိုးသမီးနှင့် ကလေးငယ်များအား ပြန်လွှတ်ပေးခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀နာရီခွဲဝန်းကျင်အချိန်တွင် သံပုရာကျေးရွာအနီးရှိ စစ်တပ်မကြာခဏ လာရောက်လေ့ရှိသော မီးသတ်ရုံကို ဖောက် ခွဲတိုက်ခိုက်လိုက်ကြောင်း နဂါနီစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မကွေးတိုင်း ပေါက်မြို့နယ် (တောင်ပိုင်း) ဒီးဒုတ်ကွင်းရွာတွင် စက်တင် ဘာလ ၁၀ ရက်နေ့ န့နက်ပိုင်း ပေါက်မြို့ပေါ်သို့ ရိက္ခာ ဝယ်ထွက်လာသည့် ပျူစောထီး ၃ ဦးကို စျေးဝယ်အပြန်တွင် ပေါက်တောင်ပိုင်း တပ်ဖွဲ့က ရှင်းလင်းလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article