33 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့အခြေစိုက် ခမရ ၄၃၄ တပ်ရင်းနဲ့ စစန ၆၄၂ တပ်ရင်းတို့ကို KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက မနေ့နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက် ရရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။
  • မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ် GTC က တာဝန်ကျနေတဲ့ ပခုက္ကူမြို့ အခြေစိုက် တပ် ၂၅၂ မှ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ဝင် စစ်သား ကျော်နိုင်ဝင်းကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDFတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က မောထစစ်တပ်စခန်းကို KNLAနဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်စဉ် စစ်သားအားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တို့ကို PDF တပ်ဖွဲ့က ဖမ်းဆီးစဉ် သေနတ်လု ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ ပြည်သူ့စစ် ခေါင်းဆောင် ၂ ဦးလုံး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article