37 C
Yangon

ကလေးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် သေဆုံးသူ ပြည်သူများ၏ နာရေးပို့နေစဉ် စစ်တပ်က လက်နက်ကြီး ထပ်မံ ပစ်ခတ်၍ ပြည်သူ ၂ ဦး ထပ်မံ​သေဆုံးပြန်၊ ၂ ရက်အတွင်း စစ်တပ်၏ လက်နက်ကြီးထိမှန်၍ ပြည်သူ စုစုပေါင်း ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီး ထိမှန်သဖြင့် သေဆုံးသော ပြည်သူများ၏ နာရေးပို့နေစဉ် စစ်တပ်က လက်နက်ကြီး ထပ်မံ ပစ်ခတ်၍ ပြည်သူ ၂ ဦး ထပ်မံ​သေဆုံးပြန်ခဲ့ရာ ၂ ရက်အတွင်း စစ်တပ်၏ လက်နက်ကြီးထိမှန်၍ ပြည်သူ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၂၄ ရက်နေ့ ညနေပိုင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးမြို့နယ်၊ ပျဥ်းတောဦးကျေးရွာမှ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၂ ဦးနှင့် အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရ အမျိုးသမီး တစ်ဦးမှာလည်း ဧပြီလ ၂၅ ရက်နေ့တွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း နာရေးပို့ဆောင်နေစဉ် စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်၍ ပြည်သူ ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

နာရေးပို့စဉ် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားကြသူ ၂ ဦးမှာ ညောင်ကုန်းရွာသား အသက် ၂၆ နှစ်အရွယ် ကိုခုပ်တွောလ်ကိမ် (Khup Tuang Kim) နှင့် အသက် ၃၀ နှစ်အရွယ် ကိုပြောင်ခန့်ဆွမ်တို့ဖြစ်ကြောင်း၊ ဧပြီ ၂၄ ရက်နေ့ နှင့် ဧပြီလ ၂၅ရက်နေ့ ၂ ရက်အတွင်း ပျဉ်းတောဦးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း သေဆုံးသူ ၆ဦးထိ ရှိခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရှိရသည်။

ကလေးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ရက်နေ့မှ ဧပြီ ၂၁ရက်နေ့အထိ ၂ လအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးငယ်များအပါအဝင် စုစု ပေါင်း အရပ်သားပြည်သူ ၈၀ ဦး ဦးသေဆုံးခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တရားဝင်သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article