29 C
Yangon

မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံလုံးဝပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးအထက်ဒဏ်ရာရရှိကာ ဆေးရုံ အဆောက်အအုံ လုံးဝပျက်စီးခဲ့ကြောင်း CDF Mindat မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီခန့်အချိန် မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ရှိ ဝမ္မသူးဆေးရုံကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအတွင်း ဆေးကုသမှုခံ ယူ လျက်ရှိသည့်အရပ်သား ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၀ ဦးအထက်ဒဏ်ရာရရှိပြီး ဆေးရုံအဆောက် အအုံမှာ လုံးဝရစရာမရှိအောင် ပျက်စီးသွားကြောင်း သိရသည်။

“ ဆေးရုံတက်နေတဲ့ ပြည်သူ ၄ ဦးသေတယ်၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်။ ဆေးရုံကတော့ လုံးဝရစရာမရှိတော့တဲ့အနေအထားပါ။ မနေ့က တနေကုန်၊ တစ်ညလုံး နီးပါး တိုက်ခိုက်တယ်လို့ ပြောလို့ရပါတယ်။ မြိုု့နယ်အတွင်းမှာ ဘာတိုက်ပွဲမှ မရှိပါဘူး” ဟု CDF Mindat မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဝမ္မသူးကျေးရွာသည် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်ကောင်စီဝင် ဦးမောင်းဟာ၏ ဇာတိကျေးရွာဖြစ်ပြီး လက်ရှိကာလ၌ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ ယောဒေ၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်စသည့်ဒေသများမှ လူနာများမှာ ဝမ္မသူးတိုက်နယ်ဆေးရုံကို အဓိက တက်ရောက်ကုသမှုခံယူနေကြရကြောင်း သိရသည်။

အဆိုပါ ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများကိုလည်း အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုရှိခဲ့ရာ ထိခိုက်ပျက်စီးမှုရှိပြီး မည်မျှထိခိုက်ပျက်စီး ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိရသေးကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ အတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ၊ Y12 အမျိုးအစားလေယာဥ်ဖြင့် ၅ ကြိမ် (တစ် ကြိမ်ကျဲ လျှင် ဗုံးသီး ၁၀ လုံးနှုန်းဖြင့် ) တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article