30 C
Yangon

ရန်ကုန်တိုင်း၊ တောင်ဒဂုံကျောင်းသားသမဂ္ဂခေါင်းဆောင် မောင်ဆန်းမင်းပိုင်၏ မိဘ ၂ ဦးကို ပျူစောထီးများက သတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေထိုင်သော တောင်ဒဂုံကျောင်းသားသမဂ္ဂခေါင်းဆောင် မောင်ဆန်းမင်းပိုင်၏ မိဘ ၂ ဦးဖြစ်သည့် ဦးစန်းမြင့်နှင့် ဒေါ်သီသီစိုးတို့ကို တောင်ဒဂုံမှ ပျူစောထီးများ ယမန်နေ့ ညပိုင်းတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၃၅ အချိန် ကျောင်းသားခေါင်းဆောင် မောင်ဆန်းမင်းပိုင်၏ ဖခင် ဦးစန်းမြင့် အသက် ၅၈ နှစ်နှင့် ဒေါ်သီသီစိုး အသက် ၅၈ နှစ်တို့ကို ၎င်းတို့နေထိုင်ရာ ၅၇ ရပ်ကွက်တွင် ပျူစောထီး အဖွဲ့က လာရောက်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ မောင်ဆန်းမင်းပိုင်မှာ စစ်တပ် ၏ ဖမ်းဆီးမှု ခံထားရစဉ် တွံတွေး လူငယ် ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ချိန် မိဘ ၂ ပါးကို ပျူစောထီးများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ဒဂုံတွင် ယမန်နေ့ မွန်းလွဲပိုင်း ရာအိမ်မှူးဇော်မင်းထွန်းနှင့် ကြံ့ဖွတ်ရုံး ဝန်ထမ်း နွယ်နီလှိုင်တို့ကို မြို့ပြပျောက်ကျားတပ်ဖွဲ့က ပစ်ခတ် ရှင်းလင်းပြီးနောက် ညနေပိုင်းတွင် ပျူစောထီးများက လက်တုံ့ပြန်သည့်အနေဖြင့် ကျောင်း သားခေါင်းဆောင် မောင်ဆန်းမင်းပိုင် ၏ မိဘ နှစ်ပါးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ လက်တုံ့ပြန်သည့်အနေဖြင့် သတ်ဖြတ်သည်ဟု ပျူစောထီးများ က ပြောဆိုကြောင်း သိရှိရသည်။

“မနေ့ မွန်းလွဲပိုင်းမှာ SGDF က နွယ်နီလှိုင်နဲ့ ဇော်မင်းထွန်းကို ပစ်ခတ်ရှင်း လင်းပြီးတဲ့နောက် ညနေပိုင်းမှာ ပျူစောထီး လူတစ်စုကနေ ကျောင်းသားခေါင်းဆောင် မောင်ဆန်းပိုင်ရဲ့ တောင်ဒဂုံ ၅၇ ရပကွက်နေအိမ်ထဲ ဝင်ပစ်တာ။ မိဘ ၂ ပါးကို သေနတ်နဲ့ ၃ ချက်ပစ်သွားတယ်။ ပွဲချင်းပြီးဆုံးပါတယ်။ မောင်ဆန်းမင်းပိုင်ကလည်း လူငယ်ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးသွားပြီးတဲ့နောက်ပိုင်း သူ့ မိသားစုရှိရာနေအိမ်ဝန်းကျင်သို့ စစ်ကောင်စီနဲ့ ပျူစောထီးတွေက မကြာခဏ လာရှာလေ့ရှိတယ်။ မနေ့ညနေပိုင်းကတော့ ပုံမှန်လာနေကျ ပျူစောထီးတွေက ဒါကလဲ့စားချေတာဆိုပြီး သတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

တောင်ဒဂုံမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကမူ ကျောင်းသားခေါင်း ဆောင် မောင်ဆန်းမင်းပိုင်၏ မိဘ ၂ ပါးကို သတ်ဖြတ်သူများတွင် မိုက်ကယ်ကျော်မြင့်၊ သီဟမျိုးနိုင်တို့ ပါဝင်နေသော မဘသ၊ အမျိုးသားရေး အစွန်း ရောက်အဖွဲ့များ ပါဝင်သည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

လက်ရှိအချိန်တွင် မောင်ဆန်းမင်းပိုင်မှာ တွံတေး လူငယ်ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေး လွတ်မြောက်နေပြီဖြစ်သော်လည်း မိဘနှစ်ပါး သေဆုံးသည့် သတင်းကို မသိရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article