29 C
Yangon

ရှမ်ပြည်နယ်၊ နမ့်ခမ်း ဟိုနောင်ရပ်ကွက်တွင် စစ်ဆရာဝန် ၂ ဦး လိုက်ပါသော ကား ဗုံးပေါက်ပြီး မီးလောင်၊ စစ်ဆရာဝန် တစ်ဦးသေဆုံးပြီး အခြားစစ်ဆရာဝန် တစ်ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ဟိုနောင်ရပ်ကွက်တွင် စစ်တပ်ဝင်းထဲမှ ကား တစ်စီး ဗုံးပေါက်ပြီး မီးလောင် ပေါက်ကွဲသဖြင့် စစ်ဆရာဝန် ၁ ဦးသေဆုံးပြီး အခြား စစ်ဆရာဝန် ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီအချိန်တွင် စစ်တပ်ဝင်းထဲမှ အိမ်စီးကား ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်ဆရာဝန် ၁ ဦး မီးလောင် သေဆုံးသွားကြောင်း၊ အခြားစစ်ဆရာဝန်မှာ ခြေထောက်တွင် ဒဏ်ရာရရှိသဖြင့် မီးငြိမ်းသတ်မှုနှင့် လူနာကို ဆေးရုံပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“နမ့်ခမ်း ဟိုနောင်ရပ်ကွက်မှာ စစ်ကား ဗုံးကွဲပြီး မီးလောင်ပါတယ်။ စစ်ဆရာဝန် တစ်ဦးခြေပြတ်တယ်။ တစ်ဦးကတော့ မီးလောင်ပြီး သေတယ်။ ည ၇ နာရီဖြစ်တာ။ ဖြစ်တာက တပ်ထဲက အိမ်စီးကား ။ စစ်တပ်က ကား။ ဟိုနောင်ရပ်ကွက်ဘက်မှာ စခန်းသစ်လို့ခေါ်တဲ့ကုန်းပေါ်က စခန်းကားပါ။ တပ်နာမည်ကတော့ အတိအကျမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မည်သည့်အတွက်ကြောင့် ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်သည်ဆိုသော အကြောင်း အရာကိုမူ မသိရှိရသေးဘဲ စစ်တပ်နှင့်ရဲက လာရောက်စုံစမ်းမှုများရှိသည်ဟု သိရှိရသည်။

ဓာတ်ပုံ- ယနေ့ည ၇ နာရီ ဗုံးပေါက်ပြီး မီးလောင်သွားသည့် စစ်ဆရာဝန် ၂ ဦးလိုက်ပါသော ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article