33 C
Yangon

အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများဖြစ်ပေါ်ဟုဆို

Must read

အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများဖြစ်ပေါ်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ရင်းအတွင်းသို့ ရှော့ တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီး ၂ ဦးအပါအဝင် အမြောက်အများသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဇေယျာသီရိခန်းမ၌ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ အစည်းအဝေးပြုလုပ် နေစဉ် ရှော့တိုက် ရော့ကတ် ထိမှန်ခဲ့ရာ တိုင်းအဆင့်အရာရှိကြီး ၂ ဦးအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲကာ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သားများ သေဆုံးပြီး ကတ္တရာလမ်းပေါ်တွင် အသားစများကို ဂေါပြားဖြင့် ကျုံးယူရသည်အထိ ပျံကျဲကာ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ တိုင်းရုံးကို ကင်းစောင့်ပေးနေသည့် ရဲ ၄ ဦးသည်လည်း ကတုတ် ကျင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်နေထိုင်ရာ အိမ်ရာဝင်းအတွင်းသို့ လည်း ရော့ကတ်များ၊ ဒရုန်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း၊စစ်မြေပြင် ဆေးတပ်ရင်း – ဆမရ ၇ အရာရှိရိပ်သာ ထိမှန်ပေါက်ကွဲမှုတွင်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်ဆေးရုံ တဆခွဲ /၃၀၀ အရာရှိရိပ်သာ၊ ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၂၉ ရိက္ခာသိုလှောင်ရုံ၊ စရဖ(နခ) ရုံးအဆောက်အအုံနှင့် BE မိုင်းတပ်ဖွဲ့ရိပ်သာဆောင်တို့ကိုလည်း ထိမှန်ခဲ့ကာ အကြမ်းဖက်စစ်သားအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး သံပြားကာ ကား များဖြင့် ဆေးရုံသို့ အသီးသီးသယ်ပို့ခဲ့ရကြောင်း သိရသည်။

အခုလို တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် မိဘပြည်သူတွေရဲ့ အကူအညီများစွာ လို အပ် နေပါတယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းနှင့် အမတ ၅၀၈ တပ်ရင်းက ဟောင်ဝှစ်ဇာ အမြောက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်မှ အရေးပေါ် လေကြောင်းအကူခေါ်ခဲ့သဖြင့် ည ၉ နာရီအချိန်တွင် တံတားဦးလေတပ်စခန်း မှ Yak-130 Light Attack Fighter Jet ၁ စီးတက်လာကာ နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင်သို့ ၈ ကြိမ် လှည့်ပတ်ပျံသန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီး တပ်ဖွဲနှင့် အတူ Chindwin Rocket Brothers -(C.R.B) Dragon Brothers Task Force-DBTF၊ Advance- 47၊ Chindwin Brothers ၊ ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင် ရင်း ၁၃ စသည့်မဟာမိတ် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန် ကာ ကွယ်နိုင်ရေးအတွက် Nationwide Air Scout-NAS – လေကြောင်းကင်းထောက်အဖွဲ့က ကူညီ ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article