36 C
Yangon

မိုးဗြဲတွင် ယနေ့နှင့်ယမန်နေ့ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး၊ စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်၍ ကလေးငယ်တစ်ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့နယ်တွင် ယနေ့နှင့်ယမန်နေ့ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၈)ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်မှစ၍ ဝါရီဆူးပလိုင်ဖက်မှ မိုးဗြဲမြို့ ဖက်သို့ အင်အား (၁၀၀)နီးပါးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များအား ပွဲကုန်း ၃ ရပ်ကွက်အနီး ၌ KNDF B/03 ၊ B/11 ၊KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ URF တို့ပူးပေါင်း၍ ညနေ (၆)နာရီအချိန်ထိ တစ်နေ ကုန်နီးပါး တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၃၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် MA-1 သေနတ် (၂)လတ် ၊ MA -2 (၃)လတ်၊ MA-3 သေနတ် (၄)လတ် ၊ MG-3 စက်သေနတ် (၁)လတ် နှင့် လက်နက်ကြီးကျည်များ၊ ခဲယမ်းနှင့် အသုံးအဆောင်များအား သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များဖက်မှ လက်နက်ကြီးများ ဖြင့် ပစ်ခက်တိုက်ခိုက် ခဲ့သလို ညပိုင်းတွင်လည်း လက်နက်ကြီးများ ပစ်ခက်မှုများရှိခဲ့ကြောင်း၊ ထို့အတူ စက်တင် ဘာလ (၉) ရက်နေ့တွင်လည်း နံနက် (၆ နာရီ ၄၅ မိနစ်အချိန်မှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း ၃ ရပ်ကွက်ထဲရှိ ဘုရားကျောင်းဝန်းအတွင်းတွင် တိုက်ပွဲတစ်နေ ကုန်နီးပါး ဆက်၍ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ အမြှောက်များ အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စ်ကောင်စီဖက်မှ တိုက်ပွဲများအတွင်းအထိနာသောကြောင့် ညနေ (၃)နာရီအချိန်တွင် လေကြောင်းအသုံးပြု၍ တိုက်လေယာဥ် (၂)စီးဖြင့် နာရီ ဝက် ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များဖက်မှ လက်နက်ကြီးများ ၊ အမြှောက်များအား အလွန်အကျွံအသုံးပြု၍ အရပ်သားများ နေထိုင်ရာ ရပ်ကွက်များထဲထိ ပစ်ခက် တိုက်ခိုက်ခဲ့သလို ထိတွေ့မှုများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားနိုင်ပြီး မိမိတို့ပူးပေါင်းတပ်များဖက်မှ မစိုးရိမ်ရ ဒဏ်ရာရရှိသူ အနည်းငယ်သာရှိခဲ့ကြောင်း သိရှိရသည်။

မိုးဗြဲမြိုတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများအနီး၌ ပိတ်မိနေသော အရပ်သားများအား မိမိတို့ပူးပေါင်းတပ်များမှ ကယ်ထုတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးများ လုပ် ဆောင်စဥ် စစ်ကောင်စီဖက်မှ ပစ်ခက်သော လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာဖြင့် သေဆုံးနေသော အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းကိုပါ တွေ့ရှိကာ ယူထုတ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိချိန်ထိ မိုးဗြဲမြို့အတွင်း ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်နေသေးသလို စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ဦးတည်ရာမဲ့ အလွန်အကျွံပစ်ခက်နေသောကြောင့် မိုးဗြဲမြို့ အနီးတစ်ဝိုက်သို့ အရပ်ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြသေးရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article