28 C
Yangon

မိုးဗြဲတိုက်ပွဲတွင် စစ်တပ်က ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်တိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရှမ်း-ကရင်နီအစပ်ရှိ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်ဖြစ်ပွားခဲ့သော ၂ ရက်ဆက်တိုက်ပွဲတွင် စစ်တပ်က ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်တိုက်ခိုက်၍ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း သေဆုံးမှုများပြားသော စစ်ကောင်စီတပ်က ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်သေဆုံးပြီး ဖခင်ဖြစ်သူအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး အရေအတွက် အတိအကျကို ကနဦး မသိရှိရသေးပေ။

စက်တင်ဘာလ ၈ ရက်နေ့တွင် ဝါရီဆူးဖလိုင်ကျေးရွာဘက်မှ မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ကရင်နီပူပေါင်းတပ်ဖွဲ့ကြား တစ်နေကုန် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃၀ ဦးကျော် သေဆုံးကာ လက်နက်ခဲယမ်းအများအပြားကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ သိမ်းဆည်းရမိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article