33 C
Yangon

PDF နှင့် ERO တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ထိသေဆုံးမှု များနေကြောင်း မင်းအောင်လှိုင် ၏ ထိပ်တန်းလျှို့ဝှက်ပြောကြားမှုတွင် ဝန်ခံ၊ Drone ဖြင့် ဗုံးကျဲမှု နှင့်ထောက်လှမ်းမှုများကို မင်းအောင်လှိုင် ထိတ်လန့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားနေကြောင်း ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဝန်ခံပြောကြားလိုက်သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ် ပြန် သော မင်းအောင်လှိုင်၏ ထိပ်တန်းလျှို့ ဝှက်ပြောဆိုချက်စာဖိုင်တွင် မင်းအောင်လှိုင်၏ ဝန်ခံချက်ကို ဖော်ပြထားခြင်းဖြစ် ကြောင်း သိရှိရသည်။

၂၀၂၂ ဇွန်လ ၂၀ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) စစ် ဆင်ရေး ပထမလေးလပတ်အစည်းအဝေးအတွင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ လျှို့ဝှက် ပြောဆိုချက်တွင် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်လာနေသည့် စစ်ကောင်စီတပ်တွင်း အခြေအနေများအား ဝန်ခံပြောဆိုထားသည်။

မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလ မတ်၊ ဧပြီလ လေးလပတ်ကာလနှင့် မေလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များတွင် ထိခိုက် ကျဆုံးများပြားသည့်ဖြစ်စဉ်များ ရှိကြောင်း၊ ထိခိုက် ကျဆုံးမှုများကို ပြန်ကြည့်ပါက ရန်သူအင်အား များပြားခြင်းလား၊ တပ်၏ အားနည်း၍ လားဆိုသည်ကို စဉ်းစားသုံးသပ်နေရကြောင်း၊ တပ်၏ အားနည်းချက်ကြောင့် ဖြစ်သည်ကို တွေ့ရှိရပြီး ပထမအချက်မှာ နေရာချထားမှု မမှန်ကန်ခြင်း၊ ဒုတိယအချက်မှာ ချီတက်ရှင်း လင်းမှု မမှန်ကန်ခြင်းနှင့် တတိယ အချက်မှာ တပ်တည်လိမ်လည်တင်ပြခြင်းများကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ချက်မှာ သင်ကြားပေးထားသည့် စစ်ပညာများကို အသုံးမချနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုသွားသည်။

ထို့ပြင် ဒရုန်းများဖြင့် ဗုံးကျဲချမှုများကိုလည်း တွေ့ရပြီး ဒရုန်းဖြင့် ကင်းထောက်ပြီး ဘယ်နေရာ ဘယ်သူရှိတယ်ဆိုတာကို ချိတ်ဆက် ဆက်သွယ်အကြောင်း ကြား လုပ် ဆောင်လာကြောင်း၊ တချို့အကြောင်းအရာများက ကြားဖြတ်ဖမ်း ယူ၍ မရသည့် အတွက် ဆုံးရှုံးမှုများ လာကြောင်း မင်းအောင်လှိုင်က ဝန်ခံ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article