37 C
Yangon

ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်းပြည့်မောင် အရက်မူးပြီး သေနတ်ဖြင့် ကိုယ့်ကိုကိုယ် ပစ်ခတ်မိရာမှ သေဆုံးသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်းပြည့်မောင်သည် စက်တင်ဘာလ ၉ ရက်နေ့တွင် သေနတ်ဖြင့် ကိုယ့်ကိုကိုယ် ပစ်ခတ်မိရာမှ သေဆုံးသွားကြောင်း ဒေသခံတချို့နှင့်ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်းပြည့်မောင်သည် ပေါက်မြို့နယ်မှ ဇာတိဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်မိရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်-ဒိုက်ဦးဗျူဟာလမ်းဆုံရှိ စစ်ကောင်စီ၏ စုပေါင်းဂိတ်တွင် တာဝန်ကျရဲဖြစ်ကြောင်း သိရှိရသည်။

“ရဲတပ်သား သူ့ဟာသူ ပစ်တာလား၊ မတော်တဆ ကျည်ထွက်တာလား တော့သေချာမသိဘူး။ သူ့ကိုယ်သူ သတ်သေတယ်လည်း ပြောတယ်။ ဘာကြောင့် ဖြစ်လဲတော့သေချာမသိဘူး။ သေသွားတာကတော့ ဟုတ်တယ်။ မူးပြီး ဖြစ်တယ်လို့လည်း ပြောကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရဲတပ်သား ဘုန်းပြည့်မောင်၏ အသုဘကို အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ဖြစ်စဉ်ကို သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article