30.3 C
Yangon

ကချင်ပြည်နယ်၏ အဆင့်မြင့်တက္ကသိုလ်ဖွင့်ပွဲ NUG အစိုးရ အကြီးအကဲပုံများ ချိတ်ဆွဲပြီး ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် တက်ရောက်ဖွင့်လှစ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၏ အဆင့်မြင့်တက္ကသိုလ်ဖြစ်သည့် Kachin State Comprehensive University ဖွင့်ပွဲကို NUG အစိုးရ အကြီးအကဲပုံများ ချိတ် ဆွဲပြီး ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် အပါအဝင် KIO မှ တာဝန်ရှိသူများ ယနေ့ တက်ရောက်ဖွင့်လှစ်ကြောင်း The Kachin Net ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကချင်ပြည်နယ်၊ လိုင်ဇာတွင် Kachin State Comprehensive University အဆင့်မြင့် တက္ကသိုလ်ဖွင့်ပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ကြောင်း၊ တက္ကသိုလ်ဖွင့်ပွဲ ပိုစတာဆိုင်းဘုတ်အပေါ်တွင် NUG သမ္မတ ဦးဝင်းမြင့်၊ ယာယီသမ္မတဒူဝါလရှီးလ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article