28 C
Yangon

အမျိုးသားရေး ၊ မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်နှင့် ဒုစရိုက်သမားများ (သို့မဟုတ်) စစ်တပ် လက်ကိုင်တုတ် လူမိုက် တင်လင်းထိုက်

Must read

By ဟိဏ်းဝေယံ(တချိန်က မဘသ)

စစ်တပ်က အမျိုးသားရေး နှင့် မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်နှင့် ဒုစရိုက်သမားများကို ၂၀၁၁ ခုနှစ်အချိန်ကတည်းက စတင် မွေးမြူခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ယနေ့ ၂၀၂၂ ခုနှစ် ၁၁ နှစ်ကျော်ကာလအတွင်း အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး အစွန်းရောက်များစွာ စစ်တပ်က မွေးထုတ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သော လူသတ်သမား ကြည်လင်း အပါအဝင် တရားဥပဒေကို စစ်တပ် အားကိုးဖြင့် မထီမဲ့မြင်ပြုကြသည့် လူမိုက်၊ လူဇိုးနှင့်လူဆိုးများစွာသည် စစ်တပ်က အကာအကွယ်ပေးထားသော အမျိုး သားရေး၊ မဘသ အမည်ခံ လှုပ်ရှားသူများဖြစ်လာကြသည်။

အမျိုးသားရေး အစွန်းရောက်တိုင်းက ဒုစရိုက်သမားများ မဟုတ်ကြသော်လည်း မဘသနှင့် အမျိုးသားရေး အစွန်း ရောက်လှုပ်ရှားမှုများကို ဦးဆောင်ကြသူတိုင်း ဒုစရိုက်သမားများဖြစ်နေကြပြန်သည်။ နောက်ဆုံး NLD နှင့် လူထုခေါင်းဆောင် အဒေါ်အောင်ဆန်းစုကြည် ကို ဆဲဆိုလျှင်ပင် ဘာမှ လုပ်စရာမလိုဘဲ စစ်တပ်ထံမှ ငွေကြေးနှင့် ထောက် ပံ့မှုများရကာ အနေအစား ချောင်လည်ကြသည်။

ထို့ကြောင့် အမျိုးသားရေး အမည်ခံ မဘသ အဖွဲ့အတွင်းသို့ သူခိုးမှအစ ဖာခေါင်း အလယ် လူမိုက်ဇိုးသမား အဆုံး အကာအကွယ် ယူရန် ဝင်ရောက်ခဲ့ကြသည်။ ထိုထဲတွင် သာကေတမှ ၂ လုံး၊ ၃ လုံးဒိုင်၊ လောင်းကစား၀ိုင်းများနှင့် ဇိုးအဖြစ် ကျော်ကြားသူ လင်းလင်း (ခေါ်) တင်လင်းထိုက်လည်း ပါဝင်နေသည်။

မဘသနှင့် အမျိုးသားရေးအစွန်းရောက်အဖြစ် စစ်တပ်၏ လက်ကိုင်တုတ် မဖြစ်ခင်က တင်လင်းထိုက်သည် ၂၀၀၈ ကာလ နှစ်ကြိမ်တိတိ လောင်းကစားမှုဖြင့် အဖမ်းခံခဲ့ရပြီး နှစ်ကြိမ်လုံး ထောင်မကျဘဲ ငွေကြေး လာဘ်ထိုး၍ လွတ်မြောက်ခဲ့သည်။

တင်လင်းထိုက် ဇကလည်း မသေးလှ။ လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်နေစဉ် စစ်တပ်အရာရှိ တစ်ဦးက ၎င်းထံတွင် ဘောလုံးပွဲ ပုံမှန် လောင်းရင်း ရင်းနှီးသွားခဲ့ကြသည်။ ထိုစစ်တပ်အရာရှိ ဘောပွဲလောင်း၍ နိုင်သဖြင့် တင်လင်းထိုက် နေအိမ်တွင် လောင်းကြေး အနိုင်ရငွေ လာထုတ်သောအခါ မိတ်ဆွေ လူမိုက် ဝင်းထွဋ်ဝင်းနှင့် ပေါင်းကာ ၀ိုင်းရိုက်ကြသည်။ ယင်းနောက် တင်လင်းထိုက်တို့ကပင် စစ်အရာရှိက အိမ်ပေါ်တတ် သေနတ်ပြ၍ ချိန်းခြောက်ငွေလုပါသည်ဟု အမှုပြန်ဖွင့်ခဲ့သည်။ ထိုမျှ ဆိုးသွမ်းလူလည်ကျလွန်းသူ တင်လင်းထိုက်သည် နောက်ပိုင်းတွင် စစ်တပ်၏ လက်ကိုင် တုတ် အမျိုးသားရေး၊ မဘသ အမည်ခံ လှုပ်ရှားမှု၏ ဦးဆောင်သူတစ်ဦးဖြစ်လာသည်။

၂၀၁၁ ခုနှစ် ၉၆၉ အဖွဲ့များ စတင်ပေါ်ပေါက်လာချိန် ၉၆၉ မဘသ အမျိုးသားရေးအမည်ခံ အစွန်းရောက်အဖွဲ့တွင်ပါဝင်ခဲ့သည်။ စစ်တပ်နှင့်သိန်းအစိုးရက အမျိုးသားရေးဆိုသူများကို မြှောက်စားချိန် အမျိုးသားရေးအစွန်းရောက် အယူအဆ အားကောင်းလာချိန်တွင် သူက ၎င်းလုပ်ဆောင်နေသည့် လောင်းကစားဒိုင်အ ပါအဝင် ဒုစရိုက် လုပ်ငန်းများကို အကာကွယ်ရနိုင်အောင် အမျိုးသားရေးသမားအဖြစ်သူ့ကိုယ်သူပုံ ပေါ်ဖော်ကာ မဘသ အဖွဲ့ထဲ ပူးကပ်ပါဝင်ခဲ့သည်။

သူ့ကို ဒုစရိုက်လုပ်ငန်းများနှင့်ပတ်သက်၍ အကြောင်းတခုခု ကြောင့် ခရိုင်ရဲစခန်း၊ မြို့နယ် ရဲစခန်းများက ခေါ်ယူလျှင် အမျိုးသားရေး ဦးဆောင်လှုပ်ရှားသူကို အာဏာပိုင်က ခေါ်ယူသည်ဟု ဝါဒဖြန့်မှုကြောင့် နောက်ပိုင်း အာဏာ ပိုင်များက ၎င်းကို အလွယ်တကူ ဆင့်ခေါ်ရန် မဝံ့မရဲဖြစ်လာကြသည်။

တင်လင်းထိုက်က စစ်တပ်နှင့်မြို့နယ်ယန္တရားများ၏ ပံ့ပိုးမှုဖြင့် အမျိုးသားရေး အစွန်းရောက်အလုပ်အဖြစ် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားတွေကိုနှောက်ယှက် ပိတ်သိမ်းခြင်း ၊ အစ္စဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ ချိတ်ပိတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။

လောင်းကစားဒိုင်၊ လူမိုက်၊ ဒုစရိုက်သမား တင်လင်းထိုက်သည် အမျိုးသားရေး လောကတွင် နာမည်ရလာပြီး စစ် တပ်ဘက်က အကြီးအကျယ် အကာအကွယ်ပေးလားသည်။ တင်လင်းထိုက်၏ နောက် ကြောင်း ဇစ်မြစ်ကို အမျိုးသားရေး အစွန်းရောက်များက မသိကြပေဘဲ မဘသ အမျိုးသားရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြသည်။

တင်လင်းထိုက် အမျိုးသားရေး အစွန်းရောက်နှင့် မဘသအဖြစ် လှုပ်ရှားခြင်းက ရည်ရွယ်ချက်တစ်ခုတည်းပင်။ သူ၏ ဒုစရိုက်နှင့် လောင်းကစားလုပ်ငန်းများအတွက် ကာဗာယူခြင်းသာဖြစ်သည်။ တင်လင်းထိုက်သည်လည်း အစ္စလမ်ဘာသာဝင် အသိုင်းအ၀ိုင်းမှပင်ဖြစ်ပြီး ယုံကြည်၍ အမျိုးသားရေးနှင့် မဘသ အလုပ်လုပ်ခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းခြင်းသာဖြစ်သည်။

လက်ရှိအချိန်အထိ တင်လင်းထိုက်သည် လူမိုက် တပည့်တပန်းများစွာဖြင့် သာကေတ တစ်ကြော မင်းမူလျက်ရှိသည်။ လူမိုက်လောက ၊ လောင်းကစားလောကတွင် တင်လင်းထိုက် ပါဝင်ပတ်သက် ဗိုလ်ကျ အနိုင်ကျင့်မှုများစွာ အမျိုးသားရေး၊ မဘသ အမည်ခံပြီးနောက် ပို၍ လက်ရဲ ဇက်ရဲလုပ်ကိုင်လာသည်။

NLD အစိုးရက ၎င်း၏ မဘသ အစွန်းရောက်လှုပ်ရှားမှုများကြောင့် ဖမ်းရန် အမှုဖွင့်ခဲ့သော်လည်း သာကေတရဲက စစ်တပ်၏ ကာကွယ်ထားမှုကြောင့် မဖမ်းဘဲ လွှတ်ပေးထားခဲ့ရသည်။ ၀ရမ်းပြေး အမည်ခံသော်လည်း လွတ်လပ်စွာပင် သွားလာနိုင်ခဲ့ပြီး မဖြစ်တော့သည့်အခြေအနေတွင်မှ အင်းစိန်ထောင်သို့ အဖမ်းခံခဲ့သည်။ အင်းစိန်ထောင်တွင်လည်း လူသတ်သမား ကြည်လင်း အပါအဝင် မဘသ အစွန်း ရောက်များနှင့် ထောင်တွင်း ကထိန်ပွဲကို ခြိမ့်ခြိမ့်သဲ စစ်တပ်၏ ထောက်ပံ့မှုဖြင့် ကထိန်းခင်းခဲ့ပြန်သည်။

ယခုအခါ တင်လင်းထိုက်သည် အမျိုးသားရေး အစွန်းရောက် အဖြစ်မှ သွေး သောက်အဖွဲ့ဆိုသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများ၊ NLD ပါတီဝင်များကို သတ်ဖြတ်နေသည့် အဖွဲ့တွင် ပါဝင်ပတ်သက်ခြင်းဖြင့် စစ်တပ်၏ ယန္တရားနှင့် စစ်အာဏာရှင်၏ ဩဇာ အာဏာစက် တည်မြဲရေးအတွက် ဆက်လက် အသုံးတော်ခံ ပါဝင်နေဆဲဖြစ် သည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် အင်းစိန်ထောင်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် ကြည်လင်း အပါအဝင် တရားခံများနှင့် တွေ့ရသည့် တင်လင်းထိုက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article