31 C
Yangon

မန္တလေးတွင် နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရပြီး ခြောက်လုံးပြူး သေနတ် သိမ်းဆည်းရမိ၊ ရေဖြူတွင် PDF များကို စိန်ခေါ်သူ ကြံ့ဖွတ်ပါတီဝင်နှင့် ပျူစောထီး သိန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေး ကန်တော်ကြီး ကန်ပတ်လမ်း အေးမြဘုရားအနီးရှိ အမှတ် ၁၀ ရဲစခန်းမှ နယ်ထိန်း ရခိုင်ကြီးကို MDY PDF ဗိုဘ်နက္ခတ် ဦးဆောင်သော အဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော နယ်ထိန်း ရခိုင်ကြီးထံမှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၃၈၀ ပွိုင့်ကျည် ၁၂ တောင့်၊ အမျိုးသမီးယာဥ်မောင်းလိုင်စင်၊ စကားပြောစက် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ရုံးစာသုံးရွက်၊ နားကြပ် ၁ ခု၊ ရှုဆေးတစ်ဘူး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ် ၂ ခု၊ ဖုန်းစာအုပ်နှင့်အချက်အလက်များ ရရှိခဲ့​ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ကျခတ္တပင်အင်းရွာလမ်းတွင် စက်တင်ဘာ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန် ကြံ့ဖွတ်ပါတီဝင် ပျူစောထီး သိန်းဇော်(ခ) ညူးညူးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သိန်းဇော်(ခ)ညူးညူးသည် သဗြေဇွန်းရွာမှ ဖြစ်ပြီး ကြံဖွတ်ပါတီဝင်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းအချိန်မှစတင်၍ စစ်တပ် ၏ လက်ပါးစေပျူစောထီးဖွဲ့ဝင်တစ်ဦးဖြစ်လာကာ PDFဖွဲ့တို့ကို စိန်ခေါ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော မန္တလေးနယ်ထိန်းရဲ၏ ခြောက်လုံးပြူးသေနတ်နှင့် ဆက်စပ်ပစည်းများ၊

ဓာတ်ပုံ- ကြံဖွတ်ပါတီဝင်နှင့် ပျူစောထီး သိန်းဇော်(ခ) ညူးညူး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article