35 C
Yangon

ရန်ကုန်ရှိ စျေးဝယ်စင်တာများနှင့် ဘတ်စ်ကားများတွင် မင်းအောင်လှိုင်မိသားစုကို သူခိုးမိသားစုဟု အမည်တပ် နာမ်နှိမ်သော ပိုစတာကပ် လှုပ်ရှား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်ရှိ စျေးဝယ်စင်တာများနှင့်ဘတ်စ်ကားများတွင် မင်းအောင်လှိုင် သူခိုးမိသားစုကို သူခိုးမိသားစုအဖြစ် အမည်တပ် နှိမ်နင်း ပိုစတာကပ်လှုပ်ရှားမှုကို တော်လှန်ရေးတက်ကြွလူငယ်များက ဦးဆောင်ပြုလုပ်ကြသည်။

“ သွေးအေးလို့မရတဲ့ တော်လှန်ရေး” အဖြစ် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့ MDF(Mayangone Democratic Front) နှင့် KMD 18 တို့ကမြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး သူခိုးမိသားစု နှိမ်နှင်းရေး လှုပ်ရှားဖြစ် စျေးဝယ်စင်တာများတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်မိသားစုများကို ဆန့်ကျင်ရေး ပိုစတာများ လိုက်လံကပ်ကြသည်။

စက်တင်ဘာ ၁၃ ရက်နေ့ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ်များကို စစ်တပ်က ဖမ်းဆီးခဲ့သည့်အတွက် တော် လှန်ရေးဘက်တော်သားတွေ အထိအခိုက်များခဲ့သော်လည်း နောက်မဆုတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်မည်ဟု တော်လှန်ရေးလူငယ်များက ဆိုကြသည်။ ယနေ့ လှုပ်ရှားမှုသည်
တော်လှန် ရေး မပြီးဆုံးသေးကြောင်း ၊ တော်လှန်ရေးအတွက် အားလုံးတွင် တာဝန်ရှိနေသေးကြောင်း လှုံ့ဆော်ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူ လူငယ်များက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article